သူကျည်ထိသွားတဲ့အချိန်မှာ သူငယ်ချင်းတွေကို ငါမရတော့ဘူး မင်းတို့ပြေး ဆိုပြီး မဆုံးခင်မှာလိုက်သေးတဲ့သူရဲကောင်းလူငယ်လေးတစ်ဦး

//s9.kh1.co/0f/0f5c882531ae471c36728d59df8cf661eefecd53.jpeg
နေ့စဉ်သတင်းများ

 ၂၁-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

သူကျည်ထိသွားတဲ့အချိန်မှာ သူငယ်ချင်းတွေကို ငါမရတော့ဘူး မင်းတို့ပြေး ဆိုပြီး မဆုံးခင်မှာလိုက်သေးတဲ့သူရဲကောင်းလူငယ်လေးတစ်ဦး

လူထုလှုပ်ရှားမှုတွေကိုတော့ ယနေ့ထိတိုင်ပြုလုပ်နေကြဆဲဖြစ်ပြီး လူငယ်တွေကလည်း ရှေ့ဆုံးကနေ စွမ်းစွမ်းတမံပါဝင်နေကြတာဖြစ်ပါတယ်။လူငယ်တွေက မိမိတို့ရဲ့အနာဂတ်အတွက် စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ အမှန်တရားဘက်ကနေ ရပ်တည်နေကြတာဖြစ်ပါတယ်။ကျဆုံးသွားတဲ့သူတွေထဲမှာ လူငယ်တွေလည်း အများအပြားပါဝင်တာကြောင့် သူတို့ရဲ့မိဘတွေကတော့ အရမ်းရင်ကျိုးနေကြရတာဖြစ်ပါတယ်။ဒါပေမယ့်လည်း မိဘတွေက သားသမီးတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

(၂၀.၃.၂၀၂၁)မနေ့ကဆိုရင်လည်း ကျောက်မြောင်းက လူထုလှုပ်ရှားမှုမှာပါဝင်ရင်း လူငယ်လေးတစ်ယောက်ကဦးခေါင်းကျည်ထိပြီး ကျဆုံးသွားခဲ့ရပါတယ်။နိုင်ငံအတွက် အားကိုးအားထားပြုရမယ့် လူငယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေကြတာကြောင့် အရမ်းနှမျောဖို့ကောင်းပါတယ်။ကျောက်မြောင်း၊မြို့သစ်(၂)လမ်း အထက(၂)ကျောင်းရှေ့မှာ ကျဆုံးသွားတဲ့ လူငယ်လေးဆိုရင် သူ့ရဲ့သူငယ်ချင်းတွေကို”ငါမရတော့ဘူးမင်းတို့ပြေး”ဆိုပြီး မဆုံးခင်လေးတောင် မှာသွားသေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုး သူငယ်ချင်းတွေအန္တရာယ်ဖြစ်မှာစိုးလို့ သူ့ကိုထားခဲ့ခိုင်းပြီး ပြေးခိုင်းလိုက်တဲ့ လူငယ်လေးရဲ့စိတ်ဓာတ်က လေးစားစရာကောင်းပါတယ်။အဲ့ဒီလူငယ်လေးကျဆုံးသွားတဲ့ နေရာလေးမှာ သွေးတွေကလည်း မြင်မကောင်းအောင်ရှိနေပြီး ပြည်သူလူထုက ပန်းစည်းလေးတွေ၊ဖယောင်းတိုင်လေးတွေနဲ့ သေချာပြင်ဆင်ပေးထားတာဖြစ်ပါတယ်။အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားခဲ့ရတဲ့အဲ့ဒီလူငယ်လေးကို ပြည်သူလူထုကလည်း လေးစားစွာနဲ့ ဦးညွှတ်ဂါရဝပြုပြီး အရမ်းဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T