ဘယ်သူမှမကူညီရဲတဲ့အချိန်မှာ အရှေ့တက်ပြီး ဒဏ်ရာရတဲ့သူကိုသွားကယ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းကြီးတစ်ဦး

//s9.kh1.co/55/55ff5b9c0c9127375b5a55c701d3cea45ac3eb9c.jpeg
နေ့စဉ်သတင်းများ

 ၂၀-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဘယ်သူမှမကူညီရဲတဲ့အချိန်မှာ အရှေ့တက်ပြီး ဒဏ်ရာရတဲ့သူကိုသွားကယ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းကြီးတစ်ဦး

လက်ရှိအချိန်မှာတော့ ပြည်သူတွေက ရဲရင့်တဲ့စိတ်ဓာတ်တွေနဲ့ သူတို့ရဲ့အသက်ကိုတောင်ပဓာနမထားဘဲ အရှေ့ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုပွဲတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားပမ်းစား လုပ်ဆောင်နေကြတဲ့ ပြည်သူတွေထဲမှာ လူကြီးလူငယ်၊ ကျားမမရွေး ပါဝင်နေတာပဲ ဖြစ်ပါတယ် ။ အခုလည်း အသက် (၅၀) အရွယ် သူရဲကောင်းကြီးတစ်ဦးက ကျည်မှန်တဲ့သူကို သွားရောက်ကယ်တင်ရင်းနဲ့ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc

ဦးဖိုးသက်လို့ခေါ်တဲ့ သူရဲကောင်းကြီးက သားသမီး (၆) ယောက်ကို ငါးစျေးမှာ ကွမ်းယာရောင်းပြီး ရိုးရိုးသားသား ရှာဖွေကျွေးမွေးနေတဲ့ ဖခင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဦးဖိုးသက်က "ငါတို့ကနေခဲ့ပြီးပြီ ဘဝကလည်း သေလူနဲ့မခြားဘူး" ဆိုပြီး ဘေးက ဒိုင်းကာတစ်ယောက်ဆီကနေ ဒိုင်းကိုဆွဲလုပြီး ဒဏ်ရာရနေတဲ့သူကို သွားကယ်ခဲ့တာ ဖြစ်ပါတယ် ။ ဘယ်သူမှသွားမကူညီနိုင်တဲ့အချိန်မှာ ရဲရဲရင့်ရင့်နဲ့ အရှေ့ကိုထွက်ရင်း ကယ်ဖို့လုပ်ခဲ့တဲ့ ဦးဖိုးသက်ကတော့ ကျည်မှန်ပြီး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc

မြင့်မြတ်တဲ့စိတ်ဓာတ်ပိုင်ရှင်ကြီး ဦးဖိုးသက်က ဆုံးပါးသွားခဲ့ပြီဖြစ်တာကြောင့် ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့သားသမီးလေးတွေက အခုဆိုရင် အကူအညီလိုအပ်နေတာ ဖြစ်ပါတယ် ။ စေတနာရှင်ပြည်သူတစ်ယောက်ကလည်း ဦးဖိုးသက်ရဲ့ကလေးတွေကို သွားရောက်လှူဒါန်းရင်းနဲ့ တစ်ခြားသူတွေပါ ကူညီနိုင်အောင် စီစဥ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ် ။ သူတစ်ပါးကိုကယ်ဖို့အတွက် အသက်စွန့်သွားခဲ့ရတဲ့ သူရဲကောင်းကြီးဦးဖိုးသက်အတွက် ပရိသတ်တွေလည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းလို့ရအောင် ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-May Myat Khin's FB Acc

Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T