အိမ်ထောင်ဦးစီးယောက်ျားက ကျဆုံးသွားလို့ သမီးလေးနှစ်ယောက်နဲ့သာကျန်ခဲ့ရပြီး အကူအညီလိုအပ်နေတဲ့ သူရဲကောင်းရဲ့ဇနီးသည်

//s9.kh1.co/5f/5f2937d3d9a97c1f36b307254c68fc99543fa3a6.jpeg
နေ့စဉ်သတင်းများ

 ၂၀-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အိမ်ထောင်ဦးစီးယောက်ျားက ကျဆုံးသွားလို့ သမီးလေးနှစ်ယောက်နဲ့သာကျန်ခဲ့ရပြီး အကူအညီလိုအပ်နေတဲ့ သူရဲကောင်းရဲ့ဇနီးသည်

ဖေဖော်ဝါရီလအစကတည်းက စတင်လိုက်တဲ့ ဒီအခြေအနေကြောင့် ကျဆုံးသွားရတဲ့သူရဲကောင်းတွေလည်း အယောက်(၂၀၀)ကျော်နေပြီ ဖြစ်ပါတယ်။အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း ပြည်သူတွေက တတ်နိုင်သလောက် စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။လှိုင်သာယာမှာ ကျဆုံးသွားတဲ့ ကိုချစ်အောင် ကတော့ သူ့ရှေ့မှာ ကျည်မှန်တဲ့လူရဲ့အလောင်းကို ဝင်ဆွဲရင်း သူ့ကိုပါထပ်ပစ်လိုက်လို့ ပေါင်ကိုကျည်ထိပြီး သွေးထွက်လွန်ကာ အသက်ပေးသွားရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုချစ်အောင်ကတော့ ဇနီးနဲ့ သမီးနှစ်ယောက်ရှိပြီး မိသားစုကိုကျွေးမွေးစောင့်ရှောက်နေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပါတယ်။ကိုချစ်အောင်ရဲ့ဇနီးသည်ဆိုရင် အားကိုးရမယ့်ခင်ပွန်းကို ဆုံးရှုံးသွားရလို့ ဖြည်မဆည်နိုင်အောင် ဝမ်းနည်းနေတာဖြစ်ပါတယ်။သမီးလေးနှစ်ယောက်ကလည်း အကြီးမလေးက(၈)နှစ်အရွယ်ရှိပြီး အငယ်မလေးက (၄)နှစ်အရွယ်သာ ရှိသေးတာဖြစ်ပါတယ်။ဒီသမီးလေးနှစ်ယောက်ကို လူလားမြောက်အောင်ပြုစုပျိုးထောင်ပေးဖို့အတွက် မိခင်တစ်ယောက်ရဲ့ခွန်အားနဲ့သာ ရှေ့ဆက်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သမီးကြီးလေးဆိုရင် (၈)နှစ်အရွယ်သာ ရှိသေးပေမယ့် အရာအားလုံးကို သိတတ်နားလည်နေပြီ ဖြစ်ပါတယ်။(၈)နှစ်အရွယ် သမီးကြီးလေးက ဖခင်ဆုံးပါးသွားလို့ ငိုနေတဲ့ မိခင်ကိုလည်း လူကြီးလေသံလေးနဲ့ “မငိုနဲ့တိတ်တိတ်”ဆိုပြီး ချော့ရှာပါတယ်။မိခင်က ဆက်ငိုနေသေးတော့ သူမပါရောငိုပြီး အမေမမြင်အောင် ကျလာတဲ့မျက်ရည်တွေကို သုတ်ပစ်တာဖြစ်ပါတယ်။တစ်မိသားစုလုံးကို ရှာကျွေးနေတဲ့ ခင်ပွန်းသည်ကကျဆုံးသွားရတာကြောင့် သမီးလေးနှစ်ယောက်နဲ့ အကူအညီလိုအပ်နေတဲ့ ဒီအစ်မကို ပြည်သူတွေက တတ်နိုင်သလောက်ကူညီဖေးမပေးဖို့အတွက် နှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T