မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတချို့ကိုသာယူပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့အတွက် ဝန်ထမ်းအိမ်ရာကနေဖယ်ပေးလိုက်ကြတဲ့ မီးရထားဝန်ထမ်းတချို့

//s9.kh1.co/28/281803fd97192b5d800c85f0763ecf2c87034a17.jpeg
နေ့စဉ်သတင်းများ

 ၂၀-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတချို့ကိုသာယူပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့အတွက် ဝန်ထမ်းအိမ်ရာကနေဖယ်ပေးလိုက်ကြတဲ့ မီးရထားဝန်ထမ်းတချို့

လက်ရှိအခြေအနေမှာဆိုရင် ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးဖို့အတွက် ဝန်ထမ်းတချို့ကပါ အလုပ်မှရပ်နားလိုက်ကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ အလုပ်ရပ်နားလိုက်ရင် မိသားစုရဲ့စားဝတ်နေရေး ခက်ခဲမယ်ဆိုတာကိုသိကြပေမယ့်လည်း ဝန်ထမ်းတချို့ကတော့ ပြည်သူတွေဘက်ကနေ ပါဝင်အားဖြည့်လိုက်တာ ဖြစ်ပါတယ်။ပြည်သူလူထုကလည်း အလုပ်ရပ်နားထားကြတဲ့ ဝန်ထမ်းတွေကို တတ်နိုင်သလောက်ကူညီပေးကြပြီး နေစရာ၊စားစရာတွေပါ စီစဉ်ပေးကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

(၁၉.၃.၂၀၂၁)ရက်နေ့ကဆိုရင်လည်း မန္တလေးမီးရထားဝန်းမှ အလုပ်ရပ်နားထားကြတဲ့ဝန်ထမ်းတွေက ဝန်ထမ်းအိမ်ရာတွေကို ဖယ်ပေးလိုက်ကြတာဖြစ်ပါတယ်။မီးရထားဝန်ထမ်းတွေကတော့ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတချို့ကိုသာ သယ်ပြီး နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ နေရာလေးကို စွန့်ခွါခဲ့ကြတာ ဖြစ်ပါတယ်။ပြည်သူတွေကလည်း အချင်းချင်းအလှူခံကြပြီး အရမ်းခက်ခဲနေကြတဲ့ဝန်ထမ်းတချို့ကို ငွေကြေးထောက်ပံ့ပေးကြတာဖြစ်ပါတယ်။ပြည်သူတွေကသာ အပြန်အလှန်ကာကွယ်စောင့်ရှောက်ကြပြီး ဒုက္ခအခက်အခဲတွေကို မျှဝေခံစားပေးနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မီးရထားဝန်ထမ်းတွေကလည်း ဘာမဆိုစွန့်လွှတ်ရဲတဲ့ စိတ်ဓာတ်နဲ့ အများအကျိုးကိုသယ်ပိုးဆောင်ရွက်လိုက်တာဖြစ်လို့ လေးစားဖို့ကောင်းပါတယ်။မန္တလေးမီးရထားဝန်း ဝန်ထမ်းအိမ်ရာမှာ ဖယ်ပေးလာကြတဲ့ ဝန်ထမ်းတွေကိုလည်း ပြည်သူလူထုက ကူညီဖေးမပေးကြဖို့အတွက် တတ်နိုင်သလောက်စီစဉ်နေကြတာဖြစ်ပါတယ်။အခုလိုမျိုးပြည်သူတွေဘက်ကနေ ရပ်တည်ပြီး မိသားစုလိုက် ပြောင်းရွှေ့နေကြတဲ့ မီးရထားဝန်ထမ်းတွေရဲ့ ပုံရိပ်လေးကပြည်သူလူထုရဲ့ရင်ထဲကိုထိမှန်စေလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T