ကြောက်စိတ်ကိုဘေးချိတ်ပြီး ယောက်ျားသားတွေနဲ့ရင်ဘောင်တန်းကာ ရဲစွမ်းသတ္တိအပြည့်နဲ့ ပါဝင်လှုပ်ရှားနေကြတဲ့ အမျိုးသမီးများ

//s9.kh1.co/49/4914e45c4e6b2d58b90a7b7753ccd1a24ebfde48.jpeg
နေ့စဉ်သတင်းများ

 ၂၀-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကြောက်စိတ်ကိုဘေးချိတ်ပြီး ယောက်ျားသားတွေနဲ့ရင်ဘောင်တန်းကာ ရဲစွမ်းသတ္တိအပြည့်နဲ့ ပါဝင်လှုပ်ရှားနေကြတဲ့ အမျိုးသမီးများ

ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင် အမျိုးသမီးတွေကပါ အိမ်ထဲမှာမနေဘဲ ရဲစွမ်းသတ္တိအပြည့်နဲ့စွမ်းစွမ်းတမံပါဝင်လှုပ်ရှားနေကြတာပဲ ဖြစ်ပါတယ်။ထက်မြတ်ရဲရင့်ကြတဲ့ အမျိုးသမီးတွေကတော့ ယောကျ်ားသားတွေနဲ့ရင်ဘောင်တန်းပြီး အမှန်တရားအတွက် လမ်းမပေါ်ထွက်နေကြတာဖြစ်ပါတယ်။အခုချိန်ထိလည်းလူငယ်တွေက တက်တက်ကြွကြွနဲ့ အားမာန်အပြည့်ရှိနေကြဆဲဖြစ်လို့ လူထုလှုပ်ရှားမှုတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြတာတောင် မမောမပန်းဘဲရှိနေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိန်းကလေးတချို့ကလည်း မိမိရဲ့အသက်အန္တရာယ်ကိုပဓာနမထားဘဲ လမ်းမပေါ်ထွက်ပြီး ရှေ့တန်းမှာ ပါဝင်ကြတာဖြစ်ပါတယ်။အခုရက်ပိုင်းတွေမှာဆိုရင် ပြည်သူလူထုကလည်း အသက်အန္တရာယ်လုံခြုံရေးအတွက် ပိုမိုဆန်းသစ်တဲ့ နည်းဗျူဟာတွေကို စီစဉ်ထားကြတာဖြစ်ပါတယ်။အမျိုးသမီးတွေကလည်း ခံတပ်ဆောက်ကြတဲ့နေရာမှာတစ်တပ်တစ်အားပါဝင်အားဖြည့်ပြီး ကူညီပေးကြတာဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့ခွန်အားတွေကလည်း ယခုလိုအချိန်မှာ တစ်နေရာရာအတွက် အသုံးဝင်တာဖြစ်လို့ အကုန်လုံးက တက်ညီလက်ညီနဲ့ရှေ့သို့ ဆက်လက် ချီတက်နေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တစ်ရက်ကဆိုရင်လည်း မိခင်တစ်ယောက်က သမီးရဲ့လက်ကိုဆွဲပြီး လူထုလှုပ်ရှားမှုတွေလုပ်တဲ့နေရာကို လာခဲ့တာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ မိဘတွေကပါ သားသမီးတွေကို ပံ့ပိုးကူညီပေးနေကြတာဖြစ်လို့ အရမ်းအားတက်စရာကောင်းပါတယ်။အမျိုးသမီးကြီးငယ်မရွေးက ကြောက်စိတ်ကိုဘေးချိတ်ပြီး အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်နေကြတာဖြစ်ပါတယ်။တစ်လကျော်ကြာသွားသည့်တိုင်အောင် မိမိစွမ်းဆောင်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက်ကြိုးစားနေကြတဲ့ ပြည်သူလူထုရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T