လူထုလှုပ်ရှားမှုပြုလုပ်ရင်း ကျဆုံးသွားတဲ့သူရဲကောင်း ကိုရွှေအ အတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ မေဦး

//s9.kh1.co/9a/9a2f79f3672fff68f5f840dcd07c8abf59ef8ac1.jpg
အနုပညာရှင်များ

 ၁၉-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. နာမည်ကျော်ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေရဲ့ လက်စွဲတော်မိတ်ကပ်ပညာရှင်အဖြစ် အတော်ကြာဖြတ်သန်းရပ်တည်လာသူပြီး အောင်မြင်မှုတွေအခိုင်အမာရရှိထားသူကတော့ မိတ်ကပ်ပညာရှင်မေဦးပဲ ဖြစ်ပါတယ်..။

မေဦးကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ နေ့ရက်တိုင်းလိုလို လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အားလုံးနဲ့အတူ တစ်သွေးတစ်သားတည်းရပ်တည်ကာ ပါဝင်အားဖြည့်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

လိုအပ်နေတဲ့နေရာတွေမှာ အလှူတွေလည်း အားကြိုးမာန်တက်လုပ်ဆောင်နေတဲ့ မေဦးကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျသွားတဲ့သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်..။

လူထုလှုပ်ရှားမှုတွေလုပ်ဆောင်ရင်း အသက်ပေးကျဆုံးသွားတဲ့ ပဲခူးမြို့က အသက်(၃၃)နှစ်အရွယ် သူရဲကောင်း ကိုရွှေအရဲ့ နာရေးအတွက်လည်း အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

"ပဲခူးမြို့ မဇင်းရပ်ကွပ်တွင်နေထိုင်သည့်အသက် ၃၃ နှစ် ကိုဇော်အောင်ခေါ် (ရွှေအ ) အတွက် အလှူငွေ 1019000 (ဆယ်သိန်းတစ်သောင်းကိုးထောင် )ကျပ်တိတိကို

ကျန်ရစ်သူ ကိုရွှေအ မိသားစုအားပေးအပ်ခဲ့ပါပြီ ... ??????

လှူဒါန်းပေးကြသောပြည်သူများအား ကိုရွှေအမိသားစုကိုယ်စားကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ??????❤️

အလှူငွေရောက်အောင်ပို့ပေးသောအကိုအားကျေးဇူးအထူးတင်ပါတယ်??.." ဆိုပြီး မေဦးက ဝေမျှထားတာပါ..။

လိုအပ်တဲ့နေရာလေးတွေမှာ လှူဒါန်းမှုတွေပြုလုပ်နေတဲ့ မေဦးတို့ရဲ့ ကုသိုလ်အလှူလေးတွေကလည်း တကယ်ကိုသာဓုခေါ်စရာကောင်းတာမို့ ပရိသတ်တွေကလည်း ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

သတင်း အရင်းအမြစ်May Oo's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T