ကျဆုံးသွားတဲ့ ပြည်သူ့သူရဲကောင်းတွေရဲ့နာရေးကို သွားရောက်လှူဒါန်းရင်း မျက်ရည်ဝဲခဲ့ရတာတွေကို ဝမ်းနည်းစွာပြောပြလာတဲ့ မေ

//s9.kh1.co/e6/e69f933c56f9e2f23c671cc019f761f52b725e6d.jpg
အနုပညာရှင်များ

 ၁၉-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မော်လ်ဒယ်တစ်ယောက်ဖြစ်သလို အဆိုတော်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေလက်ခံအားပေးချစ်ခင်ကြတဲ့ မေကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်တက်တက်ကြွကြွပါဝင်နေသလို လိုအပ်နေတဲ့နေရာတွေမှာလည်း အင်တိုက်အားတိုက်နဲ့ လှူဒါန်းနေပြီး ပြည်သူတွေအတွက် တတ်နိုင်တဲ့နေရာကနေ ပါဝင်အားဖြည့်နေတာပါ..။

Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page

အလှူရှင်တွေလှူဒါန်းထားတဲ့ ငွေကြေးတွေကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းနေတဲ့ မေကတော့ ကျဆုံးသွားကြတဲ့ ပြည်သူ့သူရဲကောင်းတွေရဲ့နာရေးကို သွားရောက်လှူဒါန်းရင်း မျက်ရည်ဝဲခဲ့ရတဲ့စိတ်မကောင်းစရာ အကြောင်းလေးတွေကို ပြန်လည်ပြောပြလာပါတယ်..။

တိုက်ပွဲဝင်ရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းသုံးဦးရဲ့ နာရေးကို ကိုယ်တိုင်သွားရောက်ပြီး အလှူငွေတွေလှူဒါန်းခဲ့တဲ့အပြင် ဖေးမကူညီမှုတွေနဲ့ အားပေးစကားလေးတွေလည်းပြောရင်း မိသားစုဝင်တွေရဲ့ ဝမ်းနည်းစကားလေးကြောင့် စိတ်မကောင်းဖြစ်ရတာတွေကို ပြောပြထားတာပါ..။

Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page

"မေ့ဆီမှာ လှူထားတဲ့ အလှူငွေ တစ်ချို့ထဲကနေ အရေးတော်ပုံအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်း

ချစ်ကိုကိုဖြိုး (သင်္ကန်းကျွန်း) မောင်ကောင်းပြည့်ကျော် ( လှိုင် ) ဦးကျော်ဇင်လတ် (ခ) ဦးရှည်ကြီး တို့ရဲ့ မိသားစုဝင်တွေဆီ သွားရောက်လှူဒါန်းခဲ့ပါတယ်.. မိသားစုတစ်စုလျှင် (၉) သိန်းကျပ်ဆီလှူဒါန်းခဲ့ပါတယ်..

နောက်ပြီး လောလောလတ်လတ် တိုက်ပွဲများကြောင့် နေရပ်ဒေသကို စွန့်ခွါခဲ့ကြရတဲ့ ကချင်မြေမှ စစ်ဘေးရှောင် သွေးချင်းများအတွက် (၁၀) သိန်းလှူဒါန်းခဲ့ပါတယ်..❤️ မေ့ကို ထပ်လှူတဲ့အလှူရှင်စာရင်းလည်း အောက်မှာ ဖော်ပြပေးထားပါတယ်.. ?

ကျဆုံးသွားသူတွေရဲ့မိသားစုဝင်တွေဆီက ဝမ်းနည်းခြင်းစကားသံတွေဟာ ရင်ထဲမှာ ခံစားရပါတယ်.. “ဘဝထဲကနေစောစောထွက်ခွါသွားခဲ့ပေမယ့် တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ၂၂ အရွယ်သားလေးအတွက် ဂုဏ်ယူနေမှာပါ” ဆိုတဲ့ အမေတစ်ယောက်ရဲ့စကားကြောင့် မျက်ရည်ဝဲရပါတယ်..? မေတို့အားလုံးရဲ့ စိတ်ထဲမှာလည်း အမြဲအမှတ်ရနေမှာပါ.. ??

“အရေးတော်ပုံ အောင်မည်”??.." ဆိုပြီး မေက ပြန်လည်ဝေမျှထားတာပါ..။

Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page
Photo Credit - May's Fb Page

သတင်း အရင်းအမြစ်May's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T