မွေးနေ့မှာ လိုအပ်တဲ့ နေရာတွေကို လှူဒါန်းနိုင်ဖို့အတွက် လက်ဆောင်ရရှိထားတဲ့ ပုလဲဆွဲကြိုးလေးကို လေလံတင်ရောင်းချနေတဲ့ စူးရှထက်

//s9.kh1.co/21/21352d1d206662c9f2da3f8c7b8d144c569a25ea.jpg
အနုပညာရှင်များ

 ၁၉-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်လ် စူးရှထက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ သွေးအေးမသွားပဲ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ကူညီနေတဲ့ သူတစ်ယောက်ပါ။ နိုင်ငံရေးအပြောင်းအလဲဟာဆိုရင် ယနေ့အပါအဝင် ရက်ပေါင်း ၄၇တိုင်ရှိခဲ့ပြီဖြစ်ပြီး စူးရှထက်ကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာဖြစ်ပါတယ်။ သူမကိုယ်တိုင်လဲ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့သလို လိုအပ်တဲ့နေရာတွေမှာလည်း သွားရောက်လှူဒါန်းတာကို တွေ့ရပါတယ်။ 

Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account

အလှူအတန်းတွေဆို လက်မနှေးတတ်တဲ့ စူးရှထက်က လူထုလှုပ်ရှားမှုမှာ ​အသက်ပေးကာ သေဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုတွေထံလည်း အလှူငွေပေးအပ်ခဲ့တာပါ။ ဒါ့အပြင်လည်း သူမရဲ့ နေအိမ်မှာ စားသောက်ဖွယ်ရာတွေနဲ့ နေ့စဥ်ဆက်တိုက်ဆိုသလို ကျွေးမွေးတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ချွေးနည်းစာထဲကနေ အလှူပြုနေခဲ့တဲ့ စူးရှထက်က မတ်လ ၂၁ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက် ကြိုတင်ပြင်ဆင်မှုတွေရှိနေပါတယ်။

Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account

ဒါကတော့ သူမရဲ့ မွေးနေ့မှာ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေကို အလှူပြုချင်တာကြောင့် လက်ဆောင်ရရှိထားတဲ့ ၉သိန်းဝန်းကျင်တန် ပုလဲဆွဲကြိုးလေးကို လေလံတင်ရောင်းချနေခဲ့တာပါ။ စူးရှထက်က သူမရဲ့ Facebook Account ထက်မှာ " အခုလာမဲ့ ၂၁ရက်နေ့ စူးမွေးနေ့ကို အခုကာလမှာအမှန်တကယ်လိုအပ်တဲ့နေရာလေးတွေကို ရောင်းရတဲ့ငွေလေးနဲ့ခွဲလှူပေးမယ် " ဆိုပြီး Postတင်ကာ ပုလဲဆွဲကြိုးကို လေလံတင်ရောင်းချနေတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account

သတင်း အရင်းအမြစ်Source - Zar Chi's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T