သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်တွေ့ရဖို့ ဓာတ်ပုံလေးကြည့်ပြီး ရင်ခွဲရုံအရှေ့မှာထိုင်စောင့်ရင်း ငိုကြွေးနေတဲ့ မိခင်တစ်ဦးရဲ့ပုံရိပ်

//s9.kh1.co/b7/b7f743863b6d43118265c8624e8a319e931168df.jpg
နေ့စဉ်သတင်းများ

 ၁၉-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်တွေ့ရဖို့ ဓာတ်ပုံလေးကြည့်ပြီး ရင်ခွဲရုံအရှေ့မှာထိုင်စောင့်ရင်း ငိုကြွေးနေတဲ့ မိခင်တစ်ဦးရဲ့ပုံရိပ်

အခုလတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ ပုံရိပ်တစ်ခုကတော့ မြင်တွေ့ရသူတွေကို စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ဒီပုံရိပ်ထဲမှာ မိခင်တစ်ဦးက သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်တွေ့ရဖို့ ရင်ခွဲရုံအရှေ့မှာ ထိုင်စောင့်နေတာပဲ ဖြစ်ပါတယ် ။ ရင်နဲ့လွယ်မွေးခဲ့ရတဲ့ သားလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူကတော့ဝမ်းနည်းပူဆွေးပြီး ရင်ထဲမှာ အတိုင်းမသိနာကျင်နေမယ်ဆိုတာကို ပုံမြင်လိုက်ရုံနဲ့တင် သိစေနိုင်တာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV

ကြွေလွင့်သွားတဲ့ သူရဲကောင်းကတော့ တီးတိန်မြို့နယ်၊ထေးဇန်က ဒိုဆွမ်းကိမ်းဆိုတဲ့ ကောင်လေးပဲ ဖြစ်ပါတယ် ။ အသက် (၁၉) နှစ်အရွယ်သာရှိသေးတဲ့ ဒိုဆွမ်းကိမ်းက လူငယ်ပီပီ တက်တက်ကြွကြွရှိပြီး လူထုလှုပ်ရှားမှုတွေကို ကြိုးစားပမ်းစား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်က ကျဆုံးသွားတဲ့ ဒိုဆွမ်းကိမ်းရဲ့ Dead Bodyကို မနေ့ကအထိ ပြန်လည်မရရှိသေးတာကြောင့် မိခင်ဖြစ်သူခမျာ သားလေးရဲ့ဓာတ်ပုံကိုကြည့်ပြီး ထိုင်စောင့်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit- Suan Mwan Sang's FB Acc
Photo Credit- Suan Mwan Sang's FB Acc

ဒီပုံရိပ်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေခဲ့တဲ့ ပြည်သူတစ်ဦးက "အမေစောင့်နေတယ်နော် သား ၊ ? အသက် (၁၉)နှစ်ဖြစ်သူ Do Suan Kim ရဲ့dead body ထုတ်ဖို့ အားလုံးအဆင့်ဆင့်လုပ်ပြီး စစ်ဆေးရုံရဲ့ရင်ခွဲရုံရှေ့ရောက်ပြီးမှ ဆန္ဒပြတဲ့အချိန်ပြီးမှ ထုတ်ပေးမယ်လို့ပြောလာပါတယ် စောင့်နေကြတုန်းပါ" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။ ဒိုဆွမ်းကိမ်းရဲ့အဖြစ်ကို ကြားသိလိုက်ရတဲ့ ပြည်သူတွေကလည်း သူ့အတွက်ရော သူ့ရဲ့မိခင်အတွက်ပါ စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ သားလေးကိုထိုင်စောင့်နေတဲ့ မိခင်တစ်ဦးရဲ့ရင်နင့်ကြေကွဲစရာ ပုံရိပ်တစ်ခုကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit- Suan Mwan Sang's FB Acc

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit- Suan Mwan Sang's FB Acc
Photo Credit- Suan Mwan Sang's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T