ကျဆုံးသွားပြီဖြစ်ပေမယ့်လည်း အမျှဝေခွင့်မရဖြစ်နေတဲ့ လှိုင်သာယာက သူရဲကောင်းရဲ့အဖြစ်ကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/8d/8d4d36faf165bc9451cece579b1514bdd5c3d2ac.jpg
နေ့စဉ်သတင်းများ

 ၁၉-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားပြီဖြစ်ပေမယ့်လည်း အမျှဝေခွင့်မရဖြစ်နေတဲ့ လှိုင်သာယာက သူရဲကောင်းရဲ့အဖြစ်ကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားမှာ ကျဆုံးသွားတဲ့ ပြည်သူတွေ များပြားလာခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း အသက်ပေးခဲ့ရတဲ့ ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုနေသူရဦးရဲ့အကြောင်းကို လူတစ်ယောက်က လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ စာထဲမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုနေသူရဦးအတွက် ကျန်ရစ်သူမိသားစုဝင်တွေက အမျှဝေပေးချင်ပေမယ့်လည်း အခက်အခဲတွေရှိနေကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Naing Min Htut's FB Acc
Photo Credit-Naing Min Htut's FB Acc

ပြီးခဲ့တဲ့မတ်လ (၁၇) ရက်နေ့မှာ ကျဆုံးသွားတဲ့ ကိုနေသူရဦးကတော့ အသက် (၂၄) နှစ်သာရှိသေးတဲ့ အိမ်ထောင်သည် အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ် ။ သူက လှိုင်သာယာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ရင်ဘတ်နဲ့ ဦးခေါင်းကိုကျည်ထိမှန်ပြီး ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာတော့ ကိုနေသူရဦးရဲ့ရုပ်အလောင်းကို ပြန်မရသေးတာကြောင့် သူ့ရဲ့ဇနီးသည်အပါအဝင် မိသားစုဝင်တွေအားလုံးက အရမ်းကို ဝမ်းနည်းကြေကွဲနေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Naing Min Htut's FB Acc
Photo Credit-Naing Min Htut's FB Acc

ဒီအကြောင်းကိုပြောပြထားတဲ့သူက စာထဲမှာ "ယုံကြည်မှုဆိုင်ရာ ဓလေ့ထုံးတမ်းအရ သေဆုံးသူ ဝိညာဉ်မှပူးပြောသည်" ဆိုပြီးလည်း ရေးသားထားပါသေးတယ်။ သူ့ရဲ့စာအရ ကိုနေသူရဦးက သူအရမ်းနာကျင်နေကြောင်းကို ငိုယိုပြီးပြောပြခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ် ။ ကျန်ရစ်သူမိသားစုတွေရဲ့လုံခြုံရေးအရ ကိုနေသူရဦးအတွက်သက်ပျောက်ဆွမ်းသွတ်ခွင့်မရတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကိုနေရသူရဦးရဲ့မိခင်ဖြစ်သူနဲ့ ဇနီးသည်တို့က ကျန်ရှိခဲ့တဲ့ သူ့ရဲ့အင်္ကျီစလေးကိုသာ ထွေးပွေ့ရင်း သတိတရကြည့်နေရတာပဲ ဖြစ်ပါတယ် ။ ကိုနေရသူဦးလည်း ကောင်းရာမွန်ရာဘဝကို အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Naing Min Htut's FB Acc

Photo Credit-Naing Min Htut's FB Acc
Photo Credit-Naing Min Htut's FB Acc
Photo Credit-Naing Min Htut's FB Acc
Photo Credit-Naing Min Htut's FB Acc
Photo Credit-Naing Min Htut's FB Acc
Photo Credit-Naing Min Htut's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T