ရန်ကုန်မြို့ကြီးနဲ့ပတ်သက်ပြီး သူကြုံတွေ့ခဲ့ရတာလေးတွေကို အမှတ်တရရေးစပ်ကာ မြတ်မြတ်နိုးနိုးဖော်ပြလာတဲ့ ကိုပေါက်

//s9.kh1.co/f5/f59f2de9beb7bc7884c3ae543d838fffbfd06c41.jpeg
အနုပညာရှင်များ

 ၁၇-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

ကိုပေါက်ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေမှာဆိုရင်လည်း ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ တစ်သားတည်း စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်။ရရာနေရာကနေ လမ်းပေါ်ထွက်ကာ ရင်ထဲကဆန္ဒတွေကို ဟစ်ကြွေးဖော်ထုတ်ရင်း နေ့စဉ်တိုင်းတစ်ရက်မနားတမ်း လှုပ်ရှားမှုပြုခဲ့တာကြောင့်လည်း ခုချိန်မှာခြိမ်းခြောက်ခံရမှုတွေရှိလာလို့ မိသားစုနဲ့ခွဲခွာကာ တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

 Photo Credit : Aung Min Naing Facebook Account
 Photo Credit : Aung Min Naing Facebook Account
 Photo Credit : Aung Min Naing Facebook Account
 Photo Credit : Aung Min Naing Facebook Account

ဒါ့ပေမယ့်လည်း ကိုပေါက်ကခုချိန်မှာ ကိုယ်တိုင်လမ်းပေါ်မထွက်နိုင်ပေမယ့်လည်း သူရဲ့အကောင့်လေးမှာတော့ အရေးကြီးသတင်းတွေနဲ့ သူရဲ့ရင်ထဲက ဆန္ဒတွေအပြင် ခံစားချက်အစစ်အမှန်တွေကိုလည်းရေးသားဖော်ပြလေ့ရှိတာတွေ့ရပါတယ်။အခုလည်းသူချစ်ရတဲ့ ရန်ကုန်မြို့ကြီးနဲ့ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတာလေးကို အမှတ်တရ ပြောပြရင်း တန်ဖိုးရှိလွန်းတဲ့ စာလေး​တွေကိုရေးစပ်ကာ ဖော်ပြခဲ့ပါတယ်။

 Photo Credit : Aung Min Naing Facebook Account
 Photo Credit : Aung Min Naing Facebook Account
 Photo Credit : Aung Min Naing Facebook Account
 Photo Credit : Aung Min Naing Facebook Account

"ဘယ်တော့မှထားမသွားဘူး...ရန်ကုန်”ငယ်ငယ်က ငါအရောက်ချင်ဆုံးမြို့၊ရွှေတိဂုံကိုဖူးချင်လို့ ရောက်ချင်ခဲ့တဲ့မြို့၊ငါကြိုက်တဲ့ ဓားလှီးရေခဲချောင်းတွေရှိတဲ့မြို့၊အကောင်းစားကားတွေ အကောင်စားဟိုတယ်တွေနဲ့အကောင်းစားရုပ်ရှင်ရုံတွေရှိလို့ငါ ရောက်ချင်ခဲ့တဲ့မြို့။ရွှေပုဇွန်ကိတ်နဲ့ရှားမီးချိုချဉ်တွေကို ငါ့အဖေကဝယ်လာပေးတဲ့မြို့။အရွယ်ရောက်လာတော့ ဘဝမျှော်လင့်ချက်အိပ်မက်တွေကို အကောင်အထည်ဖော်ရတဲ့မြို့၊မွေးရပ်ကိုစွန့်ခွါပြီး အောင်မြင်ခြင်းတွေ ခူးဆွပ်ဖို့ချီတက်ရာ မျှော်လင့်ချက်တွေရှိတဲ့မြို့၊ငါတို့အထင်ကြီးတဲ့မြို့။ဒီမြို့မှာ ငါ့ဘဝ သုညက စ ခဲ့တယ်။ဒီမြို့မှာ ငါ အိပ်မက်တွေအများကြီးမက်ခဲ့တယ်။ဒီမြို့မှာ လမ်းလျှောက်ရင်းဒီမြို့မှာ လမ်းပျောက်ခဲ့ဖူးတယ်။ဒီမြို့မှာ ချစ်သူ ခင်သူတွေရခဲ့သလိုဒီမြို့မှာ ငါ့နောက်ကျောကိုလည်းဓားနဲ့ထို့းခဲ့ကြတယ်။ဒီမြို့က ငါ့ကိုပညာတွေသင်ပေးပြီး အစာလည်းကျွေးတယ်။ဒီမြို့က ငါ့ကိုဆေးလိပ်ဖြတ်နည်းသင်ပေးသလိုဆေးစွဲအောင်လည်းလမ်းပြတယ်။ဒီမြို့မှာ ငါဟာအကြိမ်ကြိမ်လဲကျပြီး အကြိမ်ကြိမ်ပြန်ထခဲ့ရတယ်။အနှစ်ချုပ်ရရင်တော့ ဒီမြို့က ငါ့ကို 

ကွန်မန်ဒိုဖြစ်အောင်သင်ပေးခဲ့တယ်။ဒီမြို့ရဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကြောင့်ငါဟာ အောင်မြင်ခြင်းအသီးအပွင့်တွေအများကြီးဖူးပွင့်တဲ့ သစ်တစ်ပင်ဖြစ်ခဲ့တယ်။ငါ့သစ်ပင်မှာ ငှက်တစ်သောင်းမက နားခဲ့ကြတယ်။ထမင်းအိုးပေါင်းများစွာကို ငါ တည်ပေးနိုင်ခဲ့တယ်။ဒီမြို့ကြောင့် ငါဟာ ဘုရားဒါယိကာ ကျောင်းဒါယိကာဖြစ်ခွင့်ရတယ်။ဒီမြို့ကြောင့် စတုဒီသာတွေအများကြီးငါ ကြွေးခဲ့ရတယ်။ဒီမြို့မှာ ပန်းချီတွေဆွဲပြီး အလှုတွေလုပ်နိုင်ခဲ့တယ်၊ဒီမြို့ဟာ....ငါ့မိတ်ဆွေဖြစ်တယ်။ငါ့သူငယ်ချင်းဖြစ်တယ်။ငါ့ချစ်သူဖြစ်တယ်။ဒီမြို့ဟာငါ့မိသားစုဖြစ်လို့ဒီမြို့ကို ငါကျေးဇူးတင်တယ်။ငါ့ဇာတိမဟုတ်ပေမယ့်ငါချစ်တဲ့မြို့ကို သူတို့ရက်စက်လိုက်ကြတယ်။နင့်ကိုကျေးဇူးကန်းပြီးအခြေအနေမကောင်းလို့ အိမ်ပြန်ပြောင်းသွားကြလည်းဝမ်းမနည်းပါနဲ့ ရန်ကုန်။နင်ပြန်လည်ရုန်းထတဲ့အချိန်သူတို့ကပြန်လာကြအုံးမှာပါ။နင်က သဘောထားကြီးကြီးနဲ့ ဆီးကြိုနေအုံးမယ်

ဆိုတာငါသိပါတယ်။ရန်ကုန်ရေ....ငါ့လိုပဲ နင့်ကိုချစ်ဆဲ ချစ်မြဲ ချစ်နေအုံးမယ့်ကျေးဇူးသိတတ်သူတွေအများကြီးကျန်ပါသေးတယ်၊ရန်ကုန်ရေ ......နင်ဘယ်လောက်ပဲ အကျည်းတန်နေပါစေငါ ဘယ်တော့မှထားမသွားဘူး။ အရေးတော်ပုံအောင်ရမည်။ကိုပေါက်(၁၇.၃.၂၀၂၁)အခြေအနေအရဝရမ်းပြေးဘဝမှာဘာမှမကူနိုင်တာကအပြစ်ရှ်ိနေသလိုပဲ၊ဝမ်းနည်းတယ်"ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 Photo Credit : Aung Min Naing Facebook Account
 Photo Credit : Aung Min Naing Facebook Account

Source & Photo Credit : Aung Min Naing Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T