ယနေ့အချိန်ထိ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားလူငယ်တွေ အမြန်ဆုံးလွတ်မြောက်လာအောင် ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုလာတဲ့ ကျော်ကျော်ဗိုလ်

//s9.kh1.co/4a/4ac32fdd0420b661d54162cf01d8187a3b5e82cf.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

တိုင်းပြည်ရဲ့အနာဂတ်လှပဖို့အတွက် တရားမျှတတဲ့ဒီမီုကရေစီအရေးကို ပြန်လည်ရရှိအောင် ပြည်သူပြည်သားများ ၊ ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများအပြင် ကျောင်းသားလူငယ်များစွာက သံပြိုင်ဟစ်ကြွေးပြီး နေ့စဥ်အမျှ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေခဲ့ပါတယ်။ ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ကြရင်း အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေရှိသလို ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားလူငယ်တွေလည်း များစွာရှိပါတယ်။ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေထဲမှာ ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိတဲ့ ကျောင်းသားလူငယ်တွေကို အမြန်ဆုံးလွတ်မြောက်လာရေးအတွက် ကူညီပေးကြဖို့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်က သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားတောင်းဆိုလာခဲ့ပါတယ်။

Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account

"ကျွန်တော်တို့ရဲ့ကလေးတွေကိုပြန်လွှတ်ပေးပါခင်ဗျာ....ကျောင်းသားစုစုပေါင်း (၃၄၉) ယောက် ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့သိရပါတယ်....မိဘတွေ မိသားစုတွေ တကယ်အရမ်း ရင်ပူ စိတ်ပူနေကြပါတယ်ခင်ဗျာ....အသက် 20 ဝန်းကျင် ကျောင်းသားကျောင်းသူလေးတွေပါ....အဖမ်းခံရတဲ့ အထဲပါတဲ့ ကလေးရှိရင် သက်ဆိုင်ရာ ကျောင်းအလိုက် ဆက်သွယ်ပေးကြပါခင်ဗျာ.....ကူညီပေးကြတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ" ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account

ကျော်ကျော်ဗိုလ်က လတ်တလောလူထုလှုပ်ရှားမှုမှာ အမှန်တရားကိုလိုလားကြတဲ့ ပြည်သူပြည်သားတွေနဲ့ အတူ အပြည့်အဝရပ်တည်ပေးပြီး တာဝန်သိပြည်သူတစ်ယောက်အနဲ့ ပူးပေါင်းပါဝင်ပေးခဲ့ပါတယ်။ဒါ့အပြင် တတ်နိုင်တဲ့ဘက်ကနေ တိုင်းပြည်အတွက် အနာဂတ်အိမ်မက်တွေ မပျောက်သွားအောင် တက်တက်ကြွကြွ လှုပ်ရှားနေတာတွေ့ရပါတယ်။ ကဲ..ယခုမှာတော့ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားလူငယ်တွေ အမြန်ဆုံးလွတ်မြောက်အောင် တောင်းဆိုထားတဲ့ ကျော်ကျော်ဗိုလ်ရဲ့ ရင်တွင်းဆန္ဒလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account
Photo Credit - Kyaw Kyaw Bo fb account

သတင်း အရင်းအမြစ်Source - Kyaw Kyaw Bo fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T