မြောက်ဥက္ကလာမှာရှိတဲ့ အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေကိုရော ဒဏ်ရာရရှိတဲ့သူတွေကိုပါ အလှူငွေများ လှူဒါန်းပေးခဲ့တဲ့ နန်းဆုရတီစိုး နှင့် အနုပညာရှင်တစ်စု

//s9.kh1.co/7f/7fed7222f5f069ea11c25422a6509e257b66beb9.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်သူရဲကောင်းတချို့ကို မကြာသေးခင်ရက်ပိုင်းလောက်က အခြားအလှူရှင်တွေနဲ့ စုပေါင်းပြီး မင်းသမီး နန်းဆုရတီစိုး က အလှူငွေများ လှူဒါန်းပေးခဲ့ပါတယ်။ ယခုမှာလည်း နန်းဆုရတီစိုးက ဒုတိယအကြိမ်မြောက်အဖြစ် နောက်ထပ် အသက်ပေးလိုက်ရတဲ့ သူရဲကောင်းများနဲ့ ဒဏ်ရာရသူရဲကောင်းတွေအတွက် ထပ်မံပြီး အလှူငွေများကို တတ်နိုင်တဲ့ဘက်ကနေ အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page

ဒီအလှူလေးနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက " ဒုတိယအသုတ်အနေနဲ့ နန်းဆုတို့ သူငယ်ချင်းတွေ စုပေါင်းလှူဒါန်းတဲ့ အလှူငွေများကို မြောက်ဥက္ကလာမှာရှိတဲ့ အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းများ , ဒဏ်ရာရသူရဲကောင်းများရဲ့ အိမ်တွေအထိ ကိုယ်တိုင်ထပ်မံသွားရောက်လှူဒါန်းကူညီထောက်ပံ့ငွေပေးအပ်ခဲ့ပြီး အားပေးစကားပြောခဲ့ပါတယ်...... နန်းဆုကိုယ်တိုင်သွားလှူတာတွေ့လို့ဆိုပြီး အလှူပါဝင်ချင်လို့ပြီး ချစ်ရတဲ့ အနုပညာမိသားစုထဲမှ အန်တီဆင့် "မေသန်းနု" က (၃၀၀၀၀၀) ကျပ်, မောင်လေး မင်းသွေးခန့်က (၁၀၀၀၀၀) ကျပ် အတူပါဝင်လှူဒါန်းပါတယ်......

Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page

တခြားနေရာတွေသွားရင် အလှူပါဝင်မယ့် အတူလိုက်မယ်ဆိုပြီး ဆက်သွယ်ထားတဲ့ အနုပညာမောင်နှမများလည်းရှိပါတယ်...... နန်းဆုနဲ့ သူငယ်ချင်းတွေနှင့်ပြည်တွင်းပြည်ပအလှူရှင်များရဲ့ နာရေးကူငွေအလှူငွေ (၁၀၅) သိန်းကို လိုအပ်သောနေရာများကို ခွဲဝေလှူဒါန်းခဲ့ရာ ဒုတိယအကြိမ်ရှိပါပြီ တခြားသူများကိုထပ်မံလှူဒါန်းသွားဖို့ရှိတာကြောင့် နန်းဆု သူငယ်ချင်း ထံမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ် acc ကို comment မှာ ပေးပါ့မယ်ရှင့် ဒီကာလမှာ အားလုံးဟာ အပူအပင်ကိုယ်စီနဲ့ဖြစ်နေကြပေမယ့် သူတစ်ပါးရဲ့အပူအပင်များကို အနည်းငယ်ဖြစ်ဖြစ်လျော့ပေးနိုင်သောသူဖြစ်ရပါလို၏" ဆိုပြီး ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ကဲ...ပရိသတ်တွေလည်း မင်းသမီး နန်းဆုရတီစိုး တို့ရဲ့ မွန်မြတ်တဲ့ အလှူလေးကို ဆုတောင်းစကားလေးပြောပေးခဲ့ပါဦး။

Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page

သတင်း အရင်းအမြစ်Source - Nansu Yati Soe fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T