Fan တွေနဲ့စုပေါင်းပြီး ရှေ့တန်းမှာတိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေအတွက် ဦးထုပ်နဲ့ မျက်လုံးကာ လှူဒါန်းသွားဖို့ ပြင်ဆင်နေတဲ့ သဇင်ထူးမြင့်

//s9.kh1.co/37/37f24344b8d8a15efa62457dbddf352dc8db885e.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လွတ်လပ်မျှတတဲ့ ဒီမီုကရေစီအရေးကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အမှန်တရားကိုလိုလားကြတဲ့ ပြည်သူတွေက အားကြိုးမာန်တက် နေ့စဥ်ဆိုသလို လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေခဲ့ပါတယ်။ ဒီလိုလူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ အနုပညာတွေကလည်း တစ်သားတည်း ရပ်တည်ပေးခဲ့ကြပါတယ်။ စိတ်ရောကိုယ်ပါ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်ပေးကြသလို တက်နိုင်တဲ့ ဘက်ကနေ အလှူအတန်းတွေကိုလည်း လှူဒါန်းပေးတာတွေ့ရပါတယ်။

Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page

ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေထဲမှာ တက်သစ်စ မင်းသမီး သဇင်ထူးမြင့် ကတော့ လမ်းမပေါ်ထွက်ပြီး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ လတ်တလောမှာလည်း ပြည်သူတွေအတွက် စားသောက်စရာလေးတွေ မိသားစုနဲ့အတူ လှူဒါန်းပေးခဲ့သလို ယခုမှာလည်း နောက်ထပ်မွန်မြတ်တဲ့ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးက မိမိအသက်ကို ပဒါနမထားဘဲ ရဲဝံ့စွာနဲ့ အရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေအတွက် လိုအပ်တာလေးတွေကို fanတွေနဲ့ စုပေါင်းပြီး လှူဒါန်းပေးမှာ ဖြစ်ပါတယ်။

Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောထားရာမှာ " သဲနဲ့အတူ we love gpက Hearties လေးတွေရဲ့အလှူ ဦးထုပ်အလုံး(၁၀၀)နဲ့မျက်လုံးအကာအခု (၁၀၀) လှူဒါန်းသွားပါမယ်ရှင်လိုအပ်တဲ့သူများcomment မှာ ဘယ်နေရာကဆိုတာလေး မန့်ပေးပါနော် ...သဲcbကနေဆက်သွယ်ပေးပါ့မယ်..အဓိကလိုအပ်နေတဲ့ နေရာတွေကို ဒီပထမအခေါက်မှာ ဦးစားပေးလှူဒါန်းသွားပါ့မယ်ရှင်..." ဆိုပြီး ရေးသားပါတယ်။ ကဲ..ပရိသတ်တွေလည်း တက်နိုင်တဲ့ဘက်ကနေ အလှူလေးကို ပြုလုပ်ခဲ့တဲ့ သဇင်ထူးမြင့်ကို ဂုဏ်ပြုစကားလေးပြောပေးခဲ့ပါဦး။

သတင်း အရင်းအမြစ်Source - Thazin Htoo Myint fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T