လူငယ်တွေလမ်းပေါ်မှာ ကြွေလွင့်ရတာကို အနုပညာရှင်တွေကြောင့်ဆိုပြီး တချို့ဝေဖန်ပြောဆိုနေကြတဲ့ အပေါ် ပြန်လည်ရှင်းပြလာခဲ့တဲ့ ပိုပို

//s9.kh1.co/e0/e0b3c216ae8c2d1fc7c2c27bc74a99cd885ac047.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေရရှိနေတဲ့ အဆိုတော် ပိုပိုကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုပိုက အောင်မြင်ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး လူငယ်တွေရဲ့ အနာဂတ်လှပအောင် လူထုလှုပ်ရှားမှုတွေမှာ ပြည်သူပြည်သားတွေနဲ့အတူ အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာတော့ ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများ ၊ ပြည်သူများနဲ့ အနုပညာရှင်များစွာ ပါဝင်လှုပ်ရှားကြတာ တွေ့ရပါတယ်။

Photo Credit - ပိုပို fb page
Photo Credit - ပိုပို fb page
Photo Credit - ပိုပို fb page
Photo Credit - ပိုပို fb page
Photo Credit - ပိုပို fb page
Photo Credit - ပိုပို fb page

ပိုပိုကတော့ နေ့စဥ်ဆိုသလို တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ယခုမှာဆိုရင် အနုပညာရှင်တွေက မြှောက်ပေးမှုကြောင့် လူငယ်တွေ လမ်းမပေါ်မှာ သေဆုံးနေရတာဆိုပြီး တချို့ ပြောဆိုဝေဖန်နေတဲ့ အပေါ် သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားပြောဆိုလာခဲ့ပါတယ်။ ပိုပိုက "ဒီ အမှန်တရား တိုက်ပွဲမှာ လူငယ်တွေဟာ မြှောက်စရာ မလိုပဲ အုံလိုက်ကျင်းလိုက် မတရားမှုကို ဆန့်ကျင့်ဖို့ အိမ်ထဲကနေ ထွက်လာကြတာ.......

Photo Credit - ပိုပို fb page
Photo Credit - ပိုပို fb page
Photo Credit - ပိုပို fb page
Photo Credit - ပိုပို fb page

ကျွန်မတို့ အနုပညာရှင်တွေကျ အိမ်ထဲပုန်းနေပြီးအိမ်ထဲကနေမြှောက်ပေးလို့ ကလေးတွေ သေတာလို့ လာမပြောနဲ့ ဒီနေ့ခေတ် လူငယ်တွေက ၈၈ လို မဟုတ်ဘူး အသိဥာဏ်ရှိတယ် ...ကျွန်မက မသွားပါနဲ့ဆိုရင်တောင် သူတို့က ပြန်ပြောလိမ့််မယ် .....အစ်မ က ဘာလဲ သွေးကျဲတာလား လို့ မေးလိမ့်မယ် အာဇာနည်အားလုံးကို လေးစားပါတယ် .....တစ်ခုပါပဲ လူငယ်တွေ ကိုယ့်ရဲ့ စိတ်အတိုင်းသွားပါ ပိုပိုကတော့ ထွက်ပါ မထွက်ပါ မပြောပါဘူး ကိုယ့်သဘောနဲ့ ကိုယ်ပါပဲနော်...

အရေးတော်ပုံ အောင်ရမည် " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ပရိသတ်ကြီးရေ အနုပညာရှင်တွေကြောင့် လမ်းမပေါ်မှာ လူငယ်တွေသေဆုံးနေရတဲ့ ဝေဖန်မှုကို ပြန်လည်ရှင်းပြထားတဲ့ ပိုပိုရဲ့ ရေးသားထားတာကို ကူးယူဖော်ပြထားပါတယ်။

Photo Credit - ပိုပို fb page
Photo Credit - ပိုပို fb page
Photo Credit - ပိုပို fb page
Photo Credit - ပိုပို fb page

သတင်း အရင်းအမြစ်Source - ပိုပို fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T