သူ့အမေကို မထိနဲ့လို့ဆိုပြီး ရဲရဲဝံ့ဝံ့ကာကွယ်ပေးခဲ့တဲ့ ကလေးရဲ့မိခင်ဟာ ယခုအချိန်ထိမလွတ်သေးတာကြောင့် ထားဝယ်က ပြည်သူတွေကို ရပ်တည်ပေးကြဖို့ တောင်းဆိုလာတဲ့ ခါရာ

//s9.kh1.co/4f/4fc0ec9edc6ad338461210a87c4b7b7d077d7d1c.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မော်လ်ဒယ်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ခါရာကတော့ သူ့ရဲ့ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက်ဖြင့် ပြည်သူပြည်သားတွေနဲ့ အတူ တစ်သားတည်း အပြည့်အဝရပ်တည်ပေးခဲ့တာကို ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နေ့စဥ်အမျှဆိုသလို လမ်းမပေါ်ထွက်ပြီး အနာဂတ်လှပအောင် အမှန်တရားကို လိုလားကြတဲ့လူထုရှားမှုတွေမှာ သံပြိုင်ဟစ်ကြွေးပြီး တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ မကြာသေးခင်ရက်ပိုင်းက ထားဝယ်မြို့မှာ ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ရေးသားဖော်ပြမှုကြောင့် ထိန်းသိမ်းခံရတဲ့ ပြည်သူတစ်ယောက်ကို ဝိုင်းဝန်းရပ်တည်ပေးကြဖို့ ထားဝယ်ကပြည်သူတွေကို မော်လ်ဒယ်မင်းသားချောလေး ခါရာက တောင်းဆိုလာခဲ့ပါတယ်။

Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page

"လက်နက်မဲ့ ကလေးတစ်ယောက်က လက်နက်နဲ့ရဲတွေကို သူ့အမေကို မထိနဲ့လို့ ရဲရဲဝံ့ဝံ့ကာကွယ်နေတဲ့ ကလေးကိုမှတ်မိကြတယ်ဆိုရင် .... အဲ့ဒီ ကလေးရဲ့မိခင်က အခုအချိန်ထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်.....ဖမ်းခေါ်သွားတဲ့အကြောင်းကလည်း Facebook မှာ ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး Post တင်လို့ Share လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းခေါ်သွားတာဖြစ်ပြီးတော့ စဖမ်းတဲ့နေ့တည်းက ၅၀၅ (က) နဲ့ တခါတည်းတရားဆွဲပြီး ချက်ချင်းရုံးတင် ရမန် (၂) ပတ်ယူထားတယ်လို့ သိထားပါတယ်....အခုထိလည်း ရှေ့နေတွေနဲ့လိုက်နေပေမယ့် မလွတ်သေးပါဘူး.....

Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page

ထားဝယ်ကို မကြာသေးခင်ကမှ ပြောင်းလာတဲ့မိသားစုဖြစ်လို့ အသိမိတ်ဆွေလည်းမရှိဖြစ်နေလို့ ထားဝယ်က မိတ်ဆွေတွေ ကျေးဇူးပြုပြီး ဝိုင်းဝန်းကူညီပေးကြပါဦးခင်ဗျ ကလေးနှစ်ယောက်ပဲကျန်ခဲ့လို့ သားသားတို့အတွက် အမေနဲ့အမြန်ဆုံးပြန်တွေ့နိုင်အောင် ကျွန်တော်တို့ ဝိုင်းဝန်းတောင်းဆိုပေးကြရအောင် အခုကျွန်တော်တို့နိုင်ငံမှာ အိမ်မပြန်လာနိုင်တဲ့ သူတွေကို စောင့်နေတဲ့မိသားစုဝင်တွေ အများကြီးရှိနေပါတယ်...... အဲ့ဒီမိသားစုဝင်တွေကို ကျွန်တော်တို့ဝိုင်းဝန်းအားပေးကြပြီး မိသားစုနဲ့အမြန်ဆုံးတွေ့နိုင်အောင် ကူညီပေးကြရအောင်လားဗျာ" ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်မှာရေးသားဖော်ပြထားပါတယ်။

သတင်း အရင်းအမြစ်Source - Khar Ra fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T