ဂိမ်းထဲမှာတင်မဟုတ်ပဲ အပြင်မှာပါ တကယ်ရှိပြီး တမူထူးခြားတဲ့ စစ်၀တ်စုံများ

//s9.kh1.co/2a/2a5d6e0f573cf8438eb3bf3065fd46fb90abe1b5.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်နိုင်ငံ

ကမ္ဘာပေါ်တွင် ဒုတိယမြောက် စစ်အင်အား အကြီးဆုံးလို့ သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံဟာ ခေတ်မီတဲ့ ကာကွယ်ရေး စနစ်တေွကြောင့် ကမ္ဘာပေါ်မှာ လူသိများ ကျော်ကြားလှပါတယ်။ ဒါပေမယ့် တရုတ်နယ်ခြားစောင့် စစ်တပ်အဖွဲ့ကတော့ တစ်ခါတလေ အခုလို မြင်းတွေစီးပြီး ဓားရှည်ကို ကိုင်ကာ ယခု အချိန်အထိ စစ်ရေးလေ့ကျင့်နေကြဆဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=465,q=100/9f/9f602a147e73a430f79e1fd2e91086afe3a3df40.jpg

ဆွီဒင်နိုင်ငံ

ဖားလူသားတွေလို့ ကမ္ဘာပါ်မှာ နာမည်ပြောင်ခံရတဲ့ ဆွီဒင်စစ်တပ်ရဲ့ ဝတ်စုံဟာဆိုရင် အတော်လေးကို ထူးဆန်းတယ်လို့ ပြောလို့ရပါတယ်။ အခုမြင်တွေ့နေရတဲ့ ဝတ်စုံကတော့ ဆွီဒင်နိုင်ငံရဲ့ တော်ဝင်ရေတပ်သားတွေ ဖြစ်ပီး ရေငုပ်တဲ့နေရာမှာ အတော်ဆုံးတွေလို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=600,h=401,q=100/28/285c23fd39987e26eacad52f0811a451a6e7fd92.jpg

နော်ဝေးနိုင်ငံ

နော်ဝေးနိုင်ငံရဲ့ စစ်တပ်ကတော့ ကမ္ဘာပေါ်မှာ စဉ်းစားတွက်ချက်လွန်းတဲ့ စစ်တပ်ဆိုပီး နာမည်ကြီးပါတယ်။ ဘယ်လောက်တောင် တွက်ချက်လဲ ဆိုရင် စစ်ရေးလေ့ကျင့်ဖို့ အတွက်တောင်မှ ရသီဥတု အနေအထားကို အပြန်ပြန်အလှန်လှန် တွက်ချက်ကြတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/a6/a60b3d2bcfb9c23ebb74f7a8325e3f29a0ec9fd6.jpg

ပီရူးနိုင်ငံ

ပီရူးနိုင်ငံရဲ့ စစ်တပ်ကတော့ ကမ္ဘာပေါ်မှာ အကြမ်းဆုံး အရမ်းဆုံး တပ်ဖွဲ့ ဆိုပီး နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ လက်သံဘယ်လောက်တောင် ပြောင်လဲဆိုရင် စစ်ရေး လေ့ကျင့်တာတောင်မှ အချင်းချင်း မညှာတာပဲ ဒေါသတကြီး တိုက်ခိုက်ကြတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/f2/f20a7a49ba6752e9f30bebaee79c310e7f78c9c0.jpg

ထိုင်ဝမ်နိုင်ငံ

အခုမြင်တွေ့နေရတာကတော့ ထိုင်ဝမ်နိုင်ငံ ရဲ့ အထူးတပ်ဖွဲ့တွေပဲ ဝတ်ဆင်ခွင့်ရှိတဲ့ ဝတ်စုံဖြစ်ပါတယ်။ အမှတ်တမဲ့ ကြည့်လိုက်ရင် နာမည်ကြီး လူသတ်ကားထဲက မျက်နှာဖုံးနဲ့ တောင် တူတယ် ဆိုပီး လူမှုကွန်ယက်ပေါ်မှာ နာမည်တွေ ကြီးခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=600,h=402,q=100/cb/cb7108cec5fcbaae109006f2a06f54ab49da91ae.jpg

သတင်း အရင်းအမြစ်No One Cares

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T