ကမ္ဘာ‌ေပါ်က အထူးဆန်းဆုံး စာအုပ်လုံး၀မသုံးပဲ စာသင်တဲ့ကျောင်း

//s9.kh1.co/1c/1c8089a2df5d43ae06d33e4cf162efbfdc8da3f9.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဖီလာဒဲဖီးယားမှာရှိတဲ့ အနာဂတ်ဆိုတဲ့ စာသင်ကျောင်းလေးဟာ စာအုပ်လုံးဝမသုံးတဲ့ ကမ္ဘာပေါ်က အထူးဆန်းဆုံးကျောင်းလေး တစ်ကျောင်းပဲ ဖြစ်ပါတယ်။ ဒီကျောင်းလေးကို တော့ ၂၀၁၆ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး စာအုပ်အစား ကွန်ပျူတာတွေကိုပဲ အသုံးပြုကြပါတယ်။ ဘယ်လောက်ထိ စာအုပ်ကို မသုံးဘူးလဲဆိုရင် သင်္ချာတွက်တာတောင်မှ မှတ်စုရေးတဲ့ ဆော့ဖ်ဝဲလ်ကိုသာ အသုံးပြုကြပါတယ်။  

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google


စာသင်ကြားတဲ့ ဆရာ၊ ဆရာမတွေကလည်း ရိုးရိုးကျောက်သင်ပုန်းနဲ့မြေဖြူအစား ကွန်ပျူတာစနစ်ကျောက်သင်ပုန်းတွေနဲ့ပဲ စာသင်ကြားကြတာဖြစ်ပါတယ်။ ဒီကျောင်ကြီးထဲမှာ ကျောင်သားတွေ ပစ္စည်းထာတဲ့ လော့ကာကအစ ကျောင်းသားကဒ်နဲ့ ဖွင့်ရတဲ့ ဒီဂျစ်တယ် လော့ကာတွေကိုထားပေးထားပါတယ်။ အနာဂတ်အမည်ရှိတဲ့ စာသင်ကျောင်းကြီးဟာ အခုအချိန်မှာ တိုးတက်အောင်မြင်နေသော်လည်း အစပိုင်းမှာတော့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

Photo Credit:Google
Photo Credit:Google
Photo Credit:Google<br>
Photo Credit:Google

ကျောင်းသားတွေဟာ အစောပိုင်းမှာ နည်းပညာနဲ့ ထိတွေ့မှုမှာ အသားမကျသေးသလို စာသင်ကြားတဲ့ ဆရာတွေကလည်း စာသင်ခန်းအတွင်း စာသင်ကြားရာမှာ အသုံးပြုရတဲ့ နည်းပညာနဲ့ ပက်သတ်ပြီး အခက်အခဲတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားရော ဆရာရော ပြောင်းလဲထားတဲ့ နည်းပညာ သင်ကြားရေးစနစ်မှာ အသားကျသွားပြီး ကျောင်းသားတွေဟာ သင်္ချာနဲ့ စာဖတ်စွမ်းရည်မှာ အမှတ်ပိုကောင်းလာကြတာကိုတွေ့ရပါတယ်။ အခုလို စာသင်ကြားရေး စနစ်ဟာ အနာဂတ်ပညာသင်ကြားရေးစနစ်ရဲ့ အကောင်းဆုံးသော လမ်းစ ဖြစ်ပြီး အရည်အချင်းပြည့်မှီတဲ့ ကလေးငယ်တွေကို ပိုမို မွေးထုတ်လာနိုင်မှာ လည်း ဖြစ်ပါတယ်။  

Photo Credit:Google
Photo Credit:Google
Photo Credit:Google
Photo Credit:Google

သတင်း အရင်းအမြစ်Google

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T