ကမ္ဘာ့သစ္စာအရှိဆုံး ခွေးလေးတွေထဲက တစ်ကောင်ဖြစ်တဲ့ Shepရဲ့ ကြေကွဲဖွယ်ဇာတ်လမ်လေး

//s9.kh1.co/e4/e4c06ecf8863369aaccf099d17a160d002db5958.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ခွေးလေးတွေဟာ သူ့ရဲ့သခင်အပေါ်မှာ သစ္စာအရှိဆုံး တရိစ္ဆာန်လေးတွေ ဖြစ်တယ်လို့ ပြောကြတာက အလကားမဟုတ်ပါဘူး။

ကမ္ဘာ့နိုင်ငံအသီးသီမှာ ဒါဟာအမှန်တကယ်ဖြစ်ကြောင်း ထောက်ပြနေတဲ့ ဖြစ်ရပ်တွေများစွာရှိပါတယ်။

ဒါ့ကြောင့် ပရိသတ်တွေကို ကမ္ဘာ့သစ္စာအရှိဆုံး ခွေးလေးတွေထဲက တစ်ကောင်​ဖြစ်တဲ့ Shep ရဲ့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

ဒီ Shep ဆိုတဲ့ခွေးလေးဟာ အမေရိကန် မွန်တားနားပြည်နယ်မှာ သူ့ရဲ့သခင်နဲ့အတူ နေထိုင်တဲ့ခွေးလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။

၁၉၆၃ ခုနှစ်ရဲ့ နေ့ရက်တစ်ရက်အရောက်မှာတော့ သခင်ဖြစ်သူဟာ ကျန်းမာရေးအခြေအနေမကောင်းတဲ့အတွက် ခွေးလေး Shep နဲ့အတူ ဆေးရုံကိုသွားခဲ့ပါတယ်။ ဆေးရုံတက်နေစဥ်အချိန်တွင်းမှာတော့ ခွေးလေး Shep ဟာသခင်ရဲ့ဘေးနားမှာပဲ တစ်ချိန်လုံးစောင့်ရှောက်ပီးနေထိုင်ခဲ့ပေမယ့် သခင်ဖြစ်သူဟာ အသက်သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီနောက် သခင်ဖြစ်သူရဲ့အလောင်းကိုနေရပ်ပြန်ပို့တဲ့အချိန်မှာ ခွေးလေး Shep ပါအတူလိုက်ပါလာခဲ့ပြီး ရထားပေါ်အလောင်းတင်လိုက်တဲ့အချိန်မှာ ခွေးလေး Shep ရဲ့ကြေကွဲဝမ်းနည်းမှုတွေနဲ့ ပြည့်နေတဲ့ အူသံကို ရထားပေါ်ကလူတွေ ကြားခဲ့ရပါတယ်။

အဲ့ဒီနောက် ရထားထွက်ခွာသွားခဲ့ပေမယ့် Shep ကတော့ ရထားလမ်းပေါ်မှာပဲ ကျန်နေခဲ့ပြီး သခင်ဖြစ်သူကို ငါးနှစ်လောက်စောင့်နေခဲ့ပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

Shep ဟာနေ့တိုင်း ၄င်းရထားလမ်းမှာ လာရပ်တဲ့ ရထားပေါ်က ဆင်းလာတဲ့သူတွေထဲမှာ သခင်ဖြစ်သူကို နေ့တိုင်းရှာနေခဲ့ပါတယ်။

အဲ့ဒီလိုနဲ့ ခွေးလေး Shep ရဲ့ကြေကွဲစရာဇာတ်လမ်းလေးကို တဖြေးဖြေးလူသိများလာခဲ့ပြီး ဘူတာရုံကဝန်ထမ်းတွေနဲ့ ခရီးသွားပြည်သူတွေက အစားအစာတွေကျွေးပြီး ပြုစုစောင့်ရှောက်ပေးခဲ့ကြပါတယ်။

နှစ်တွေကြာပြီး အသက်ကြီးလာတဲ့အခါမှာတော့ ခွေးလေး Shep ဟာ မျက်လုံးတွေဝါး နားတွေပင်းလာခဲ့ပြီး ရထားလမ်းပေါ်မှာ သခင်ကိုစောင့်နေရင်းနဲ့ပဲ ရထားတိုက်ခံရပြီး သေဆုံးသွားခဲ့ပါတော့တယ်။

ဒီခွေးလေးဟာ သူမသေဆုံးခင်အထိ သခင်ဖြစ်သူလာခေါ်မယ့် အချိန်ကို နေ့တိုင်းစောင့်နေခဲ့ပေမယ့်လည်း သူ့ရဲ့ဆန္ဒလေးက ဖြစ်မလာနိုင်ခဲ့ပါဘူး။

သေဆုံးသွားခဲ့ချိန်မှာတော့ သူ့ရဲ့သစ္စာစောင့်သိမှုကို လေးစားမြတ်နိုးတဲ့အနေနဲ့ မွန်တားနားပြည်နယ်က Fort Benton မှာ ခွေးလေး Shep ရဲ့ပုံတူကြေးရုပ်ထုကို ထုဆစ်ပီး ဂုဏ်ပြုခဲ့ကြပါတယ်။

အသက်သေဆုံးသွားတာ ကြာခဲ့ပြီဆိုပေမယ့်လည်း ဒီရုပ်ထုလေးကိုမြင်တိုင်း ခွေးလေး Shep ရဲ့သစ္စာစောင့်သိမှုနဲ့ သခင်အပေါ်မှာထားတဲ့ သံယောဇဥ်ဟာ လူတွေရဲ့ပါးစပ်ကြားမှာ ပျံ့လွင့်နေဆဲပဲ ဖြစ်ပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T