ပြဒါးမသုတ်ထားတဲ့ မှန်တစ်ချပ်လို ကြည်လင်နေတဲ့ ရေကန်

//s9.kh1.co/55/55ac7c888ecd1429bb6fd7811908d501cefabf01.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ ထူးခြားဆန်းပြားတဲ့ ရေကန်ကြီးတွေများစွာရှိတဲ့ အထဲမှာမှ အမေရိကန်နိုင်ငံမှာရှိတဲ့ Flathead ဆိုတဲ့ ရေကန်ကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ထိုကန်ဟာ ပျမ်းမျှ ၁၆၄ပေနက်ပြီး အနက်ဆုံးနေရာဟာ ပေ ၃၇၀ အထိရှိပါတယ်။ အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတုရန်းမိုင် ကျယ်တဲ့ ရေကန် ဖြစ်ပါတယ်။ သူ့အရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက် သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။

Photo Credit:Getty Images
Photo Credit:Getty Images
Photo Credit:Getty Images
Photo Credit:Getty Images

Crystal Clear water ကြောင့် ရေ နက်တာကို တိမ်တယ်လို့ ထင်ရပြီး ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း သန့်ရှင်းနေ ပါတယ်။ ကုန်းတွင်ပိတ် ရေအိုင်ကြီး တစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်။ သဘာဝအလျောက်လှပနေပြီး သူ့ရဲ့ ထူးခြား ကြည်လင်တဲ့ ရေကြောင့် Flathead Lake ဟာ လူသိများပါတယ်။ ကမ္ဘာ့အသန့်ရှင်းဆုံး ရေကန်များထဲမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။

Photo Credit:Getty Images
Photo Credit:Getty Images
Photo Credit:Getty Images
Photo Credit:Getty Images

ထိုရေကန်ကို နှစ်စဉ်လာရောက်အပန်းဖြေသူများပြားလျက်ရှိပြီး သူတို့ရဲ့ အားလပ်ရပ်မှာ အနားယူဖို့အတွက်ပဲ ဖြစ်ပါတယ်။ ထိုရေကန်ရဲ့ ကြည်လင်တောက်ပတဲ့ အရောင်နဲ့ နောက်ခံရှုခင်းတွေက လာရောက်လည်ပတ်သူတွေကို အဓိကဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်လို့နေပါတယ်။ ယခုဖြစ်ပျက်နေတဲ့အခြေအနေတွေကောင်းသွားရင် သွားရောက် လည်သင်ဖို့ကောင်းတဲ့ နေရာလေးလဲဖြစ်ပါတယ်။

Photo Credit:Getty Images
Photo Credit:Getty Images
Photo Credit:Getty Images
Photo Credit:Getty Images

သတင်း အရင်းအမြစ်Did you know?

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T