ပရိသတ်ကြီးရေ သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့အတူ ယုံကြည်ရာလမ်းကို အကောင်းဆုံးလျှောက်လှမ်းနေတဲ့ သူပဲဖြစ်ပါတယ်။ သရုပ်ဆောင်ဒါရိုက်တာတစ်ယောက်အပြင် ဇာတ်ညွန်း၊ ကဗျာ နဲ့ ဝထ္ထုဇာတ်လမ်းလေးတွေရေးတဲ့သူဖြစ်တာကြောင့် စွယ်စုံရအနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာလည်း တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ တက်တက်ကြွကြွ ပြည်သူပြည်သားတွေနဲ့အတူ ပါဝင်လုပ်ဆောင်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။ ယနေ့အချိန်မှာတော့ ကိုပေါက်က တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် ဘက်ပေါင်းစုံက နိုင်ငံဝန်ထမ်းများကို လူထုလှုပ်ရှားမှုမှာ ပိုမိုပါဝင်ကြဖို့ တိုက်တွန်းပေးခဲ့မှုကြောင့် မိသားစုနဲ့ ခွဲခွာပြီး အဝေးမှာခေတ္တရှောင်ရှားနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုပေါက်က အဝေးမှာရောက်နေရပေမဲ့လည်း ဆက်လက်ပြီး လုပ်ဆောင်သွားမယ့် သူ့ရဲ့ခံယူချက်တွေကို ပြောပြလာခဲ့ပါတယ်။ "အပြင်ထွက်လာလို့မရရင်လည်းရောက်ရာအရပ်က အာဏာရှင်ကိုဆန့်ကျင်မယ်...CDM ကိုအင်အားကျမသွားအောင် ဝန်ထမ်းများကူညီပေးကြပါ ....အရေးတော်ပုံကြီးအောင်တော့မှာပါ....အားမကုန်စေနဲ့ အားတင်းထား" ဆိုပြီးရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် ရဲဝံ့စွာပြည်သူတွေနဲ့အတူ ရပ်တည်ပေးရင်း အဝေးမှာခေတ္တရှောင်းရှားနေရတဲ့ ကိုပေါက်ကို ဂုဏ်ပြုစကားလေးပြောပေးခဲ့ပါဦး။
သတင်း အရင်းအမြစ်៖ Source - Aung Min Naing fb account