ဂျိုင်းချွေးနံ့ အရမ်းနံနေရင် မနံတော့အောင် ဘယ်လိုလုပ်ကြမလဲ

//s9.kh1.co/1f/1f3afcca17fea62e17d6e9c386a099075282f3d0.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ဂျိုင်းချွေးနံ့နံတယ်ဆိုတာဟာ ပတ်ဝန်းကျင်အတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေပီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုကျဆင်းစေပါတယ်။

ဂျိုင်းချွေးနံ့နံတာဟာ တစ်ကိုရည်သန့်ရှင်းမှု နည်းတာကြောင့်လည်း ဖြစ်တတ်သလို ဇင့်ဓာတ်လျော့နည်းတာတွေ ကိုယ်သောက်နေရတဲ့ဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် ပရိသတ်တွေကို ဂျိုင်းချွေးနံ့နံတာကို သက်သာစေမယ့် နည်းလမ်းလေးအချို့ကို ဖော်ပြပေးချင်ပါတယ်။

Photo from google
Photo from google

ပထမဦးဆုံး တစ်ချက်အနေနဲ့ကတော့ ဂျိုင်းကို ရေချိုးတိုင်း ရေစိုအဝတ်နဲ့ ပွတ်တိုက်ပေးပါ။ ပီးရင် ကျောက်ချဥ်လေးကို သွေးပီး ဂျိုင်းကိုလိမ်းပေးပါ။

ဒါ့အပြင် ရှာလကာရည်ကို ဂွမ်းစလေးနဲ့တို့ပြီး ဂျိုင်းကို လိမ်းပေးလို့လည်းရပါတယ်။

ဒါပေမယ့် ဂျိုင်းမွှေးနှုတ်ပီးကာစ နဲ့ ဂျိုင်းမွှေးရိတ်ပီး ကာစအချိန်တွေမှာတော့ ရှာလကာရည်ကို မလိမ်းပေးသင့်ပါဘူး။

Photo from google
Photo from google

နောက်ထပ်နည်းလမ်း တစ်ခုအနေနဲ့ ​ရှောက်ရည်နဲ့ သံပုရာရည်တို့ကို မုန့်ဖုတ်ဆော်ဒါနဲ့ ရောစပ်ပီး ဂျိုင်းကိုလိမ်းပေးတာကလည်း ဂျိုင်းချွေးနံ့နံတာကို သက်သာစေပါတယ်။

နောက်ဆုံးနည်းလမ်းအနေနဲ့ကတော့ အာလူးကို ပါးပါးလှီးပီး ဂျိူင်းကြားမှာ ကပ်ပေးပါ။ ခြောက်လာတဲ့အချိန်မှာ ခွာပြီး ရေဆေးချပေးတာကို မကြာခဏ ပြုလုပ်ပေးမယ်ဆိုရင်လည်း ဂျိုင်းချွေးနံ့နံတာကို သက်သာစေပါတယ်။

Photo from google
Photo from google

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T