မြစ်ကြီးနားမြို့က ပြည်သူပြည်သားတွေအားလုံး ဂရုတစိုက်နေကြဖို့အတွက် စိုးရိမ်ပူပန်စွာနဲ့ ရေးသားပြောဆိုလာတဲ့ ခါရာ

//s9.kh1.co/01/019986a82db68c2164139f38ae88b5b5d619e66d.jpg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မော်လ်ဒယ်သရုပ်ဆောင် ခါရာကတော့ နှုတ်ခမ်းနီမလေးတွေ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခါရာဟာ တည်ကြည်ခန့်ညားမှုတွေနဲ့ ဖက်ရှင်တွေကို စမတ်ကျကျလေး ဝတ်ဆင်တတ်ပြီး ချောမောသူပဲဖြစ်ပါတယ်။ လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page

လတ်တလောမှာဆိုရင်လည်း ခါရာက တာဝန်ကျေတဲ့ ပြည်သူတစ်ယောက်အနေနဲ့ အနာဂတ်လှပအောင် ပြည်သူတွေနဲ့အတူအားမာန်တက်ကြွစွာ ပါဝင်တာကို တွေ့မြင်ရပါတယ်။ လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ အားတက်သရော ပါဝင်တဲ့အပြင် လူမှုကွန်ယက်ကနေလည်း နိုင်ငံ့ဝန်ထမ်းများကို လူထုလှုပ်ရှားမှုမှာပိုမိုပါဝင်ပေးကြဖို့ တိုက်တွန်းပေးခဲ့ပါတယ်။ ယခုမှာဆိုရင်လည်း ခါရာက မြစ်ကြီးနားမြို့က တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအတွက် သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ စာလေးရေးသားဖော်ပြလာခဲ့ပါတယ်။

Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page

"မြစ်ကြီးနားမြို့မှာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကြောင့် ကျွန်တော်တို့အားလုံးလည်းစိတ်ပူနေကြပါတယ်..Media အားနည်းနေတဲ့အတွက် Media တွေအနေနဲ့လည်း အားစိုက်ပေးဖို့တောင်းဆိုချင်ပါတယ်.. မြစ်ကြီးနားပြည်သူတွေအားလုံးနဲ့အတူတူ မြန်မာတစ်နိုင်ငံလုံးကပြည်သူတွေ တစ်သွေးတစ်သားတည်းရှိနေပါတယ်..အားလုံးပဲဂရုစိုက်ကြပါ" ဆိုပြီးရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးလည်း မြစ်ကြီးနားက ပြည်သူတွေအတွက် ခွန်အားဖြစ်စေမယ့် စကားလေးတွေပြောပေးခဲ့ပါဦး။

Photo Credit - Khar Ra fb page
Photo Credit - Khar Ra fb page

သတင်း အရင်းအမြစ်Source - Khar Ra fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T