လမ်းမပေါ်ထွက်ပြီး အနာဂါတ်အိမ်မက်တွေ မပျောက်ဆုံးအောင် တက်တက်ကြွကြွ ပြည်သူ့ပရိသတ်တွေနဲ့အတူ လူထုလှုပ်ရှားမှာပါဝင်ခဲ့တဲ့ ကျော်ထက်ဇော်

//s9.kh1.co/89/899cf8f4264e98055c023cba1d75cbb905dcad6f.jpg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ တည်ကြည်ခန့်ညားမှုတွေနဲ့ နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းတွေကို အချိန်အတိုတွင်း ခြွေချနိုင်ခဲ့တဲ့ သူကတော့ MRTV-4 မင်းသားချောလေး ကျော်ထက်ဇော် ပဲဖြစ်ပါတယ်။ ကျော်ထက်ဇော် ကတော့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲလေးထဲကနေ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အပြည့်အဝရရှိခဲ့တဲ့ မင်းသားချောဆိုရင်လည်း မမှားလောက်ပါဘူး။ လက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် Photo Shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာ တွေ့ရပါတယ်။

Photo Credit - Kyaw Htet Zaw fb account
Photo Credit - Kyaw Htet Zaw fb account
Photo Credit - Kyaw Htet Zaw fb account
Photo Credit - Kyaw Htet Zaw fb account

လတ်တလောမှာဆိုရင် ကျော်ထက်ဇော် က တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ အုပ်တစ်ချပ်သဲတစ်ပွင့် အနေနဲ့ လူထုလှုပ်ရှားမှုမှာ ပြည်သူ့ပရိသတ်တွေနဲ့အတူ စိတ်ရောကိုယ်ပါ ပါဝင်ခဲ့တာကို မြင်တွေ့ရပါတယ်။ ပြည်သူတွေနဲ့အတူ ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများ၊ အနုပညာရှင်များစွာက တစ်နေ့ထပ်တစ်နေ့ အနာဂါတ်အိမ်မက်တွေ မပျောက်ဆုံးအောင် အားမာန်တက်ကြွစွာ ပါဝင်လာခဲ့ကြတယ်။

Photo Credit - Kyaw Htet Zaw fb account
Photo Credit - Kyaw Htet Zaw fb account
Photo Credit - Kyaw Htet Zaw fb account
Photo Credit - Kyaw Htet Zaw fb account

ယခုမှာလည်း ကျော်ထက်ဇော်က ပြည်သူ့ပရိသတ်တွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး တက်ညီလက်ညီ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးကတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က MRTV - 4 အနုပညာမောင်နုမတွေနဲ့ အေးချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး အားမာန်တက်ကြွစွာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ တိုင်းပြည်အတွက် တက်နိုင်တဲ့ဘက်ကနေ ပါဝင်ခဲ့တဲ့ မင်းသားချောလေး ကျော်ထက်ဇော်ကို ဂုဏ်ပြုပေးလိုက်ပါဦးနော်။

သတင်း အရင်းအမြစ်Source - Kyaw Htet Zaw fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T