စူပါမော်လ်ဒယ် သန္တာလှိုင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ နေရာတစ်နေရာကိုရပ်တည်ထားတဲ့ မော်လ်ဒယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သနားကြင်နာတဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ သန္တာလှိုင် ဟာ အိမ်မှာမွေးထားတဲ့ တိရိစ္ဆာန်လေးတွေကို သားသမီးအရင်းတွေကဲ့သို့ ပြုစုယုယ ဂရုစိုက်ပေးတာကိုလည်း တွေ့ရပါတယ်။ တိရိစ္ဆာန်လေးတွေကို ချစ်တဲ့ သန္တာလှိုင်က ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်စေမယ့် ဗီဒီယိုလေးကို ယခုအခါမှာ တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးကတော့ သန္တာလှိုင်တို့ ဇနီးမောင်နှံတို့က လမ်းဘေးစျေးသည်ဆီကနေ ကယ်တင်ထားတဲ့ စွန်ကြီး(၃)ကောင်ကို အိမ်မှာအစား(၂)ရက်ကျွေးပြီးတဲ့နောက် အပင်အမြင့်ကြီးတွေရှိတဲ့ နေရာကိုသွားရောက်ကာ ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီဗီဒီယိုလေးနဲ့လည်း သန္တာလှိုင် က “လွတ်လပ်စွာပျံသန်းဖို့ မွေးဖွားလာတဲ့ မင်းတို့ဘဝလေးတွေကို အချုပ်အနှောင်မှ လွတ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လမ်းဘေးစျေးသည်ဆီကနေ ကယ်တင်ပြီး ၂ရက် အားဖြည့်၊ အစာကျွေးပြီး ဒီနေ့လွှတ်ပေးခဲ့ပါတယ်။ “ဤသစ္စာစကားမှန်ကန်ပါက ငါတို့အားလုံးရဲ့ ခေါင်းဆောင်များ အပါအဝင် မတရားသဖြင့်ချုပ်နှောင်ခံထားရတဲ့ သတ္တဝါများအားလုံး အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ကြပါစေသား......အားလုံးအမျှအမျှအမျှ ယူတော်မူကြပါစေကုန်သား.... အားလုံးအမျှအမျှအမျှ ယူတော်မူကြပါစေကုန်သား.... အားလုံးအမျှအမျှအမျှ ယူတော်မူကြပါစေကုန်သား....
မတရားသဖြင့် ကြိုးချည်ပြီး ချုပ်နှောင်ခံထားရတဲ့ စွန်ကြီး (၃)ကောင်ဟာ အိမ်ရောက်တော့ သူတို့ကိုတုတ်ထားတဲ့ ကြိုးတွေဖြေလိုက်တော့ ခေါင်းတောင်မထောင်နိုင်ဘူး.... ရေလဲ မသောက်နိုင် မတ်တပ်လဲ မရပ်နိုင်ပါဘူး..... ညစ်ပတ်လာတဲ့ အတောင်တွေက ကပ်နေတော့ ရေဆေးပြီး သူတို့ဘာစားလဲ ဘယ်လို ဘယ်အချိန်စားလဲ YouTube မှာ သေချာလေ့လာပြီး ငုံးလေးတွေ ဝယ်ကျွေးပြီး ရေတိုက် အခန်းထဲ အပျံကျင့်ပြီး (၂)ရက်နေတော့ ပျံသန်းဖို့အဆင်သင့် ဖြစ်တဲ့ပုံပေါ်တာနဲ့ အပင်အမြင့်ကြီးတွေရှိတဲ့နေရာမှာ (၃)ကောင် အတူတူလွှတ်ပေးလိုက်တော့ (၂)ကောင်က အတူတူပျံသွားတာ တွေ့လိုက်ရတဲ့အချိန်မှာ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျမိတယ်။ အမေတို့သာဆိုရင်...."ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ စွန်ကြီး ( ၃)ကောင်ကို ကယ်တင်ပြီး ပြန်လည်လွှတ်ပေးခဲ့တဲ့ သန္တာလှိုင်တို့ ဇနီးမောင်နှံတို့ကို ဆုတောင်းမေတ္တာပို့သပေးပါဦး။
သတင်း အရင်းအမြစ်៖ Video Credit & Source - Thandar Hlaing fb page