သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တဲ့ နည်းလမ်း ၅ သွယ်

//s9.kh1.co/e6/e60a6b7ddf725bed2cac845be93e6a5096ef6a76.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လူတော်တော်များများ ညဘက်ဆို ညဉ့်နက်တဲ့အထိ မအိပ်သေးကြတာများပါတယ်။ အိပ်မပျော်လို့ပဲဖြစ်ဖြစ် မအိပ်ချင်သေးတာပဲဖြစ်ဖြစ် ညအိပ်ရာဝင်နောက်ကျတဲ့အခါ ကျန်းမာရေးကိုထိခိုက်စေပါတယ်။ မနက်ပိုင်းအိပ်ရာထလို့ ခေါင်းမကြည့်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ များစွာ အနှောင့်ယှက်ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေဖို့က လူကြီးလူငယ်တိုင်းအတွက် အရေးကြီးတဲ့အချက်ပါပဲ။ ဘယ်လိုလုပ်ရမလဲဆိုတာကိုလဲ အောက်မှာဖော်ပြလိုက်ပါတယ်။

1. လေ့ကျင့်ခန်းလုပ်ပါ။

Photo Credit:Google
Photo Credit:Google

လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ကြွက်သားတောင့်တင်းမှုများပြေလျော့စေခြင်း၊ သွေးဖိအားကျစေခြင်း၊ စိုးရိမ်ပူပန်မှုများကင်းဝေစေပြီး သက်လုံကောင်းစေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိစေနိုင်တဲ့အပြင် ညဘက်မှာ နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။

2. စိတ်တည်ငြိမ်မှုရယူပါ။

Photo Credit:Google
Photo Credit:Google

စိတ်ဖိစီးမှုများခြင်းဟာ အိပ်မပျော်စေနိုင်တဲ့ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်မှာ ကြည်နူးစရာကောင်းတဲ့ အချိန်ကာလများကို ပြန်လည်တွေးတောခြင်း၊ ကိန်းဂဏန်းများရေတွက်ခြင်းကို ထပ်တလဲလဲပြုလုပ်ပေးပါက စိတ်ဖိစီးစေတဲ့ခံစားချက်တွေကို ပြေပျောက်စေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။

3. အိပ်ချိန်တွင် ဖုန်းအသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။

Photo Credit:Google
Photo Credit:Google

အနားယူအိပ်စက်ရမယ့်အချိန်မှာ တစ်ကိုယ်ရည်သုံး လျှပ်စစ်ပစ္စည်းတွေအသုံးပြုခြင်းဟာ အိပ်ချိန်ကို ကစဉ့်ကလျားဖြစ်စေနိုင်ပါတယ်။ အိပ်ရာဝင်ချိန်မှာ ဖုန်းအသုံးပြုခြင်းကြောင့် စိတ်ကိုနိုးကြားစေနိုင်ကာ အိပ်ပျော်ဖို့အတွက် အချိန်ကို စောင့်ဆိုင်းရပါလိမ့်မယ်။ ဖုန်းသုံးပြီရင် ကိုယ်နဲ့ မလှမ်းမဝေးမှာ ဖုန်းကိုထားထားတာ ကောင်းပါတယ်။

4. အသက်ပြင်းပြင်းရှူပါ။

Photo Credit:Google
Photo Credit:Google

အသက်ပြင်းပြင်းရှူသွင်းပါ။ ရှူသွင်းထားတဲ့လေကို ချက်ခြင်းပြန်မရှူထုတ်ဘဲ 1 စက္ကန့် (သို့ ) 2 စက္ကန့်ခန့် အောင့်ထားပြီးမှ ပြန်လည်ရှူထုတ်ပါ။ ယင်းကဲ့သို့ ထပ်တလဲလဲပြုလုပ်ပေးပါက သွေးလည်ပတ်မှုကောင်းစေပြီး ညဖက်နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ များစွာအထောက်အကူဖြစ်စေပါတယ်။

5. သီချင်းနားထောင်ပါ။

Photo Credit:Google
Photo Credit:Google

စိတ်ဖိစီးမှုများပြီး အိပ်ပျော်ဖို့အတွက် အားယူနေရချိန်မှာ သင်အနှစ်သက် ဆုံးဖြစ်တဲ့ တေးသီချင်းအေးအေးလေးတွေကို နားထောင်လိုက်ခြင်းဟာ လျင်မြန်စွာအိပ်ပျော်နိုင်စေတဲ့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။ စိတ်တည်ငြိမ်အေးချမ်းမှုကိုပေးစွမ်းနိုင်တဲ့ တေးသီချင်းတွေဟာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ Cortisol hormone (ကော်တီဇောဟော်မုန်း)ပမာဏကို လျော့ကျစေနိုင်တာကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ များစွာအထောက်အပံ့ပေးနိုင်ပါတယ်။

သတင်း အရင်းအမြစ်Google

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T