မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး ခါရာကတော့ အနုပညာနယ်ပယ်တစ်ခုမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို အပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာ တွေ့ရပါတယ်။ ဒါ့အပြင် ခါရာဟာ ကိုရီးယားယဥ်ကျေးမှု မြှ့င်တင်ရေးဆိုင်ရာ သံတမန်အဖြစ်လည်း ခံအပ်ထားခြင်းခံထားရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း တိုင်းပြည်အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ စိတ်ရောကိုယ်ပါ တက်ကြွစွာ ပါဝင်ခဲ့တာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ လူမှုကွန်ယက်ကနေ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူ့ပရိသတ်တွေကို လူထုလှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်ပေးကြဖို့လည်း တိုက်တွန်းပေးနေသူပဲ ဖြစ်ပါတယ်။ ယခုမှာတော့ ခါရာက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာတော့ လူထုလှုပ်ရှားမှုမှာ ပိုမိုပါဝင်ပေးခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို အခြားအနုပညာမောင်နှမတွေနဲ့အတူ သွားရောက်တွေ့ဆုံခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေနဲ့လည်း ခါရာက "မနေ့က ကျွန်တော်တို့အနုပညာမောင်နှမတွေ BOC သင်္ကန်းကျွန်း က ဝန်ထမ်းအိမ်ယာမှာနေထိုင်တဲ့ပြည်သူ့ဝန်ထမ်းတွေဆီကို သွားပြီး လှုပ်ရှားမှု မှာ ပါပေးလို့ ကျေးဇူးတင်ကြောင်းနဲ့ အားပေးစကားတွေ ပြောခဲ့ကြပါတယ်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ တိုင်းပြည်အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့အားမာန်တက်ကြွစွာ ပါဝင်လုပ်ဆောင်ပေးနေတဲ့ ခါရာကို ဂုဏ်ပြုစကားလေး ချီးမြှောက်ပေးခဲ့ပါဦး။
သတင်း အရင်းအမြစ်៖ Source - Khar Ra fb page