လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများ ၊ ပြည်သူလူထုတွေနဲ့အတူ အနုပညာရှင်များစွာကလည်း စိတ်အားထက်သန် တက်ကြွစွာပါဝင်လာကြတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ရှေ့တန်းကနေ အနာဂါတ်မှာအကောင်းဆုံးဖြစ်အောင် ပုံစံအမျိုးမျိုးနဲ့ ရဲဝံ့စွာ ဆန္ဒထုတ်ဖော်ပြသနေတဲ့အချိန်မှာ လူထုလှုပ်ရှားမှုနဲ့ မသက်ဆိုင်တဲ့ သရုပ်ပျက် ဝတ်စားဆင်ယဥ်မှုတွေနဲ့ ဆန္ဒထုတ်ဖော်ပြသနေတဲ့ သူများကို သရုပ်ဆောင် မင်းမော်ကွန်း ကတော့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ပြတ်ပြတ်သားသား ပြောလာခဲ့ပါတယ်။
"အပျော်လုပ်နေကြတာမဟုတ်ဘူးနော်....ဘဝနဲ့ရင်း အသက်နဲ့ရင်း မိသားစုပါရင်းပြီးမတရားမှုတွေကိုတိုက်နေကြတာပါ....ဆယ်မိနစ်လောက်လာထိုင်ဓါတ်ပုံရိုက်ပြီးပြန်တာလောက်ထိလည်း အပြစ်မပြောသေးပါဘူး......ဘယ့်နဲ့ဗျာဗိုလ်ချုပ်မွေးနေ့ဗိုလ်ချုပ်ကြေးရုပ်အောက်မှာငြိမ်းငြိမ်းချမ်းချမ်းစည်းကမ်းရှိရှိ ဆန္ဒဖေါ်ထုတ်နေပါတယ်ဆိုမှ သူ့လည်းဘယ်သူမှမခေါ်ယောကျာ်း မဟုတ်မိန်းမမဟုတ် ဝတ်တော့လည်းစကပ်အတိုနဲ့ အောက်စကလွတ် အပေါ်ကလည်းမှန်ဇာလိုအကုန်ဖေါ်ပြီး မျက်နှာပြောင်လာတိုက်နေတာမျိုးကတော့ တော်တော်တရားလွန်တယ်.....
တိုင်းပြည်အတွက်အရေးကြီးနေတဲ့အချိန်မို့ မင်းကိုစကားနဲ့ပဲပြောလိုက်တာနော် ပြီးခဲ့တဲ့ အကယ်ဒမီတုန်းကလည်း မင်းကြောင့်ဂရက်တွေထပြီးပြီ နောက်နေ့ထပ်တွေ့ရင်တော့အဆိုးမဆိုနဲ့ ထပ်ပြောမယ် အပျော်အပျက်လုပ်နေတာမဟုတ်ဘူး ၊ သင်္ကြန်မဟုတ်ဘူး နကိုထဲကမှအပြစ်ပြောဖို့ အကွက်ချောင်းနေတဲ့ သူတွေတပြုံကြီး စည်းကမ်းရှိပါ ၊ စည်းကမ်းရှိပါ၊ စည်းကမ်းရှိကြပါ တိုင်းပြည်ချစ်လို့မဟုတ်ရင် လာကိုမလာပါနဲ့ အားနေလို့ပျော်နေလို့ လုပ်နေကြတာမဟုတ်ဘူး " ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ.... မင်းသား မင်းမော်ကွန်း ရေးသားဖော်ပြထားတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ အမြင်လေးကိုလည်း ပြောပြပေးခဲ့ပါဦးနော် ။
သတင်း အရင်းအမြစ်៖ Source - Kyaw Kyaw Htay Lwin fb account