ဗိုလ်ချုပ်မွေးနေ့မှာ သူ့ရဲ့အသင်းသားတွေနဲ့အတူ ပဲပြုတ်နဲ့နံပြားတွေကို ကိုယ်တိုင်ကိုယ်ကျ လမ်းပေါ်မှာ လိုက်လံဝေငှပေးနေတဲ့ ဦးကျော်သူ

//s9.kh1.co/f0/f0ae7c5f36826da562ef8fe29e3beb845a951ab3.jpg
အနုပညာရှင်များ

 ၁၃-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ စံနမူနာထားရလောက်တဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ကတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဦးကျော်သူပဲဖြစ်ပါတယ်။ ဦးကျော်သူဟာ သရုပ်ဆောင်လောကမှာ အောင်မြင်ကျော်ကြားခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ပရဟိတမင်းသားကြီးတစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ သူဟာ လူမူရေးအကျိုးပြုလုပ်ငန်းတွေကို ကိုယ်ကျိုးမငဲ့ပဲ ရှေ့မှဦဆောင်ပြီး လုပ်ကိုင်နေပေးကာ ဘဝကိုတန်းဖိုးရှိရှိ လျှောက်လှမ်းလာနေတာဖြစ်ပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

ဦးကျော်သူရဲ့ လေးစားအတုယူစရာ အပြုအမူလေးတွေကြောင့် အနုပညာရှင်မောင်နှမတွေအပြင် တစ်နိုင်ငံလုံးက ပြည်သူ့ပရိသတ်တွေကပါ လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးတာ တွေ့ရပါတယ်။ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်၊ ဗိုလ်ချုပ်မွေးနေ့မှာတော့ ဦးကျော်သူက ကြည်နူးစရာအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

ဒီအလှူလေးကတော့ ဦးကျော်သူက သူ့ရဲ့ အသင်းသူ၊အသင်းသားတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ပြည်သူ့ပရိသတ်တွေနဲ့ လမ်းသွားလမ်းလာသူတွေကို ကိုယ်တိုင်ကိုယ်ကျ ပဲပြုတ်နဲ့နံပြားတွေကို လိုက်လံဝေပေးခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်သူကတော့ နှစ်စဥ်နှစ်တိုင်း ဗိုလ်ချုပ်မွေးနေ့မှာ ယခုလိုမျိုးကြည်နူးစရာ အလှူလေးကို အမြဲပြုလုပ်ပေးတာ တွေ့ရပါတယ်။ ကဲ...ပရိသတ်တွေလည်း ဦးကျော်သူ ပဲပြုတ်နဲ့နံပြား ပေးဝေနေတဲ့ ပုံရိပ်လေးတွေကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

သတင်း အရင်းအမြစ်Source - Kyaw Thu fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T