လတ်တလော လူထုလှုပ်ရှားမှုတွေမှာ ပြည်သူ့ပရိသတ်တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ စားသောက်စရာများ ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ အနုပညာရှင်များ

//s9.kh1.co/19/19425fb596bcf6205871c62923eab3e0fb4de88b.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ ဘက်ပေါင်းစုံက တာဝန်ထမ်းရွက်နေကြတဲ့ ပြည်သူပြည်သားတွေများပါဝင်လှုပ်ရှားလာတာကိုလည်း တွေ့မြင်ရပါတယ်။ ဒီလို လူထုလှုပ်ရှားမှုတွေမှာ အနုပညာရှင်တွေကလည်း စိတ်ရောကိုယ်ပါ ပါဝင်လှုပ်ရှားလာသလို ပြည်သူပြည်သားတွေအတွက် တတ်နိုင်တဲ့ဘက်ကနေတဲ့ စားသောက်စရာများ လှူဒါန်းပေးကြတဲ့ အနုပညာရှင်များလည်း တွေ့မြင်ရပါတယ်။

ယခုဖော်ပြပေးမဲ့ အကြောင်းအရာကတော့ လတ်တလော လူထုလှုပ်ရှားမှုတွေမှာ မိမိတို့တတ်နိုင်သလောက် စားသောက်စရာတွေလှူဒါန်းပေးခဲ့ကြတဲ့ သူတွေထဲကမှ အနုပညာရှင်တချို့ကို စုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Photo Credit - စမိုင်းလ် fb page 
Photo Credit - စမိုင်းလ် fb page 
Photo Credit - ThinZar Wint Kyaw fb page  
Photo Credit - ThinZar Wint Kyaw fb page  
Photo Credit - Travel  Queen fb account 
Photo Credit - Travel  Queen fb account 

(၁) စမိုင်းလ်ကတော့ လူထုလှုပ်ရှားမှာ ရှေ့တန်းက သူရဲ့ကောင်းတွေအတွက် သူမရဲ့ Smile Mart ဆိုင်က ရေသန့်ဘူး ၊ အချိုရည်ဘူး ၊ ကြက်ဥ ၊ အခြားမုန့်ချိုများကို မိသားစုတွေက ဝေငှပေးခဲ့ပါတယ်။

(၂)သင်ဇာဝင့်ကျော်က လူထုလှုပ်ရှားမှုမှာ ပြည်သူ့ပရိသတ်တွေနဲ့အတူ ပါဝင်ခဲ့ပြီး တတ်နိုင်တဲ့ဘက်ကနေ မုန့်ချိုများကို ကိုယ်တိုင်လှူဒါန်းပေးခဲ့ပါတယ်။

(၃)နေဝင်းနဲ့ အိမ့်ချစ် တို့ဇနီးမောင်နှံနှစ်ယောက်ကလည်း ရှေ့တန်းမှာ ရဲဝံ့စွာလှုပ်ရှားနေကြတဲ့ ပြည်သူ့ပရိသတ်တွေအတွက် အားဖြည့်ဓာတ်ဆားအချိုရည်ဘူးများကို ဝေငှပေးပြီး လှူဒါန်းခဲ့ပါတယ်။

Photo Credit - Chit Thu Wai fb account  
Photo Credit - Chit Thu Wai fb account  
Photo Credit - Poe Kyar Phyu Khin fb page  
Photo Credit - Poe Kyar Phyu Khin fb page  
Photo Credit - Lwin Moe fb account 
Photo Credit - Lwin Moe fb account 

(၄) ချစ်သုဝေကလည်း အားမာန်တက်ကြွစွာ ပြည်သူ့ပရိသတ်တွေနဲ့ အတူ လူထုလှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ရင်း တတ်နိုင်တဲ့ဘက်ကနေအားဖြည့်ဓာတ်ဆားထုတ် ဝေငှလှူဒါန်းပေးခဲ့ပါတယ်။

(၅) MRTV - 4 ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ ပိုးကြာဖြူခင်ကတော့ လူထုလှုပ်ရှားမှာ ကိုယ်တိုင်ပါဝင်ပြီး တတ်နိုင်သလောက် ရေသန့်ဘူးနဲ့ အချိုရည်ဘူးများကို ဝေငှလှူဒါန်းပေးခဲ့ပါတယ်။

(၆)ဝါရင့် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လွင်မိုးကတော့ လတ်တလောဖြစ်ပွားနေတဲ့ လူထုလှုပ်ရှားမှုအခြေအနေမှာ ရှေ့တန်းကနေပြည်သူ့ပရိသတ်တွေနဲ့အတူ စိတ်ရောကိုယ်ပါ တက်ကြွစွာပါဝင်ခဲ့ပြီး ရေသန့်ဘူးများကိုလည်း ကိုယ်တိုင်ဝေငှလှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Phyu Phyu Htwe fb account 
Photo Credit - Phyu Phyu Htwe fb account 
Photo Credit- Myat Thinzar Kyaw Onee fb account 
Photo Credit- Myat Thinzar Kyaw Onee fb account 
Photo Credit- Myat Thinzar Kyaw Onee fb account 
Photo Credit- Myat Thinzar Kyaw Onee fb account 

(၇)မကြာခဏအလှူအတန်းတွေကို ပြုလုပ်လှူဒါန်းပေးတတ်တဲ့ ဆယ်လီမင်းသမီးချောလေး ဖြူဖြူထွေးကလည်း မိသားစုနဲ့အတူ မုန့်များကိုကားပေါ်မှာတင်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သူတွေကို ဝေငှလှူဒါန်းပေးခဲ့ပါတယ်။

(၈)အဆိုတော်Rဇာနည်တို့ မိသားစုတွေကလည်း ပြည်သူ့ပရိသတ်တွေနဲ့အတူ ရပ်တည်ပေးပြီး လူထုလှုပ်ရှားမှာ ပါဝင်ခဲ့ကာ တတ်နိုင်သလောက် ရေသန့်ဘူး၊ အချိုရည်ဘူးများကို လှူဒါန်းပေးခဲ့ပါတယ်။ ကဲ..ပရိသတ်ကြီးလည်း လူထုလှုပ်ရှားမှုမှာ ရှေ့တန်းကနေ ရဲဝံ့စွာပါဝင်နေကြတဲ့ ပြည်သူ့ပရိသတ်တွေအတွက် တတ်နိုင်သလောက် စားသောက်စရာများလှူဒါန်းပေးခဲ့ကြတဲ့ အနုပညာရှင်များကို ဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ပါဦး။

သတင်း အရင်းအမြစ်Source - စမိုင်းလ် & Phyu Phyu Htwe & Lwin Moe & Myat Thinzar Kyaw Onee & Thinzar Wint Kyaw & Poe Kyar Phyu Khin & Travel Queen fb Account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T