ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ ခြေဖနောင့်ကွဲတာကို ဘယ်လိုကုသမလဲ

//s9.kh1.co/42/425729302f9df810bed4627ec2288d1fb4c7a404.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဆောင်းရာသီမှာတော့ လူတော်တော်များများဟာ အသားပတ်တာတွေ ခြေဖနောင့်ကွဲတာတွေကို ခံစားရတတ်ပါတယ်။

ခြေဖနောင့်ကွဲတာက တော်တော်လေးခံစားရခက်စေပြီး လမ်းလျှောက်ရတာ အဆင်မပြေတာတွေ အေးလာတာနဲ့ စပ်ဖျင်းဖျင်းဖြစ်ပီး တော်တော်လေးနာကျင်ရပါတယ်။

Photo from google
Photo from google

ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ အအေးဓာတ်လွန်ကဲရာကနေ ဖြစ်ပေါ်လာတဲ့ အသားအရည်ခမ်းခြောက်မှုကြောင့်ပဲဖြစ်ပါတယ်။

ခြေဖနောင့်ကွဲတာကို သက်သာစေမယ့် အိမ်တွင်းဆေးတလက် အနေနဲ့ဆိုရင်တော့ ကျောင်ချဥ်ကို အသုံးပြုပေးဖို့ ညွှန်းချင်ပါတယ်။

Photo from google
Photo from google

အသုံးပြုပုံကတော့ ကျောက်ချဥ်ကိုအမှုန့်ကြိတ်ပီး ဂရစ်ဆလင်းနဲ့ရောစပ်ပေးပါ။ ပီးရင်ရောစပ်ထားတဲ့အရာကို ညအိပ်ရာဝင်ခါနီးတိုင်း ခြေဖနောင့်ကွဲတဲ့နေရာလေးကို လိမ်းပေးပါ။

နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ ကျောက်ချဥ်ကို ရေဇလုံထဲ ထည့်ပီး ခြေထောက်ကို ဆယ့်ငါးမိနစ်လောက် စိမ်ထားပေးမယ်ဆိုရင်လည်း ခြေဖနောင့်ကွဲတဲ့ ဝေဒနာကနေ သိသိသာသာ သက်သာလာတာကို ခံစားရမှာပါ။

ဒီကုထုံးလေးက ငွေကုန်ကြေးကြလည်း မများပဲ ထိရောက်တဲ့ကုထုံးလေး ဖြစ်လို့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Photo from google
Photo from google

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T