ကမ္ဘာကျော် သဘောနစ်မြှုပ်မှုတွေမှာ ပါဝင်ခဲ့ ပေမယ့် တစ်ခါမှအသက်မသေခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/47/472b5817fdf148a070d4ec9200156ab679e94476.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာကြီးပေါ်က နိုင်ငံအသီးသီမှာတော့ အသက်သေစေနိုင်တဲ့ ကြောက်စရာအန္တရယ်ဆိုးကြီးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့် ကံအရမ်းကောင်းပြီး အသက်ရှင်တဲ့သူတွေ များစွာရှိကြပါတယ်။

အဲ့ဒီလို အသက်ရှင်တဲ့ သူတွေများစွာထဲကမှ

ပရိသတ်တွေကို ကမ္ဘာကျော် ​သင်္ဘောနစ်မြုပ်မှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့ပေမယ့် တခါမှ အသက်မသေခဲ့တဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။သူမရဲ့နာမည်ကတော့ Violet Jessop ဖြစ်ပြီး 1887 ခုနှစ်က Argentina နိုင်ငံမှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo from google
Photo from google

သူမရဲ့ပထမဆုံး accident အနေနဲ့ကတော့ 1912 ခုနှစ်က နစ်မြုပ်ခဲ့တဲ့ Titanic သင်္ဘောကြီးပေါ်မှာ သူမဟာ nurse တစ်ဦးအနေနဲ့လိုက်ပါခဲ့ပြီး သင်္ဘောကြီးရေခဲတွေနဲ့ တိုက်မိကာ နစ်မြုပ်ပီး လူအများသေဆုံးခဲ့ပေမယ့် Violet ကတော့ သေဆုံးခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီနောက် 1916 ခုနှစ်သူမ Britannic သင်္ဘောပေါ်မှာအလုပ်လုပ်နေစဥ်အချိန်အတွင်းမှာလည်း ၄င်း Britannic သင်္ဘောဟာရေမြုပ်မိုင်းထိပြီး နစ်မြုပ်ခဲ့ပေမယ့် သူမကတော့ အသက်မသေခဲ့ပါဘူး။

Photo from google
Photo from google

နောက်ထပ်အနေနဲ့ သူမ Olympic သင်္ဘောပေါ်မှာ အလုပ်လုပ်နေတဲ့ အချိန်မှာလည်း ၄င်း သင်္ဘောဟာ စစ်သဘော တစ်စင်းနဲ့ဝင်တိုက်မိပြီး နစ်မြုပ်ခဲ့ပေမယ့်လည်း Violet ဟာအသက်မသေခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့ လူတွေဟာ Violet ကိုသတိထားမိလာခဲ့ကြပြီး သူမရဲ့ကံကောင်းမှုနဲ့ တိုက်ဆိုင်မှုတွေဟာ လူတွေကြားမှာ ပြောစမတ်ဖြစ်လာခဲ့ပါတယ်။ 1971 ခုနှစ် May လ 5 ရက် သူမအသက် 83 နှစ်အရွယ်ရောက်မှာတော့ Violet ဟာ သေဆုံးသွားခဲ့ပေမယ့် သူမရဲ့အကြောင်းကိုတော့ ယုံတမ်းပုံပြင်တစ်ခုအနေနဲ့ ပြောနေကြဆဲ ဖြစ်ပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T