ကလေးသူငယ်တွေကို အော်ဟစ်ဆူပူခြင်‌းကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးများ

//s9.kh1.co/61/618041817ebbc80e860d810bfd25e672ccd9f219.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ကလေးငယ်တွေကို အော်ဟစ်ဆူပူကြိမ်းမောင်း ပြောဆိုတာက နောက်ပိုင်းမှာ ဆိုးကျိုးအရမ်းများပါတယ်။ အထူးသဖြင့် မြန်မာမိဘတွေသတိထားရမယ့်အရာပါ။ စိတ်အလိုမကျတာနဲ့ ကလေးငယ်လေးတွေကိုအော်လိုက်ခြင်းကနေ ပြင်းထန်တဲ့ကျန်းမာရေးနောက်ဆက်တွဲပြသနာတွေဖြစ်လာနိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/1b/1b395f310e035256e9a37439287b1b857ac45927.jpg

၁။ ဦးနှောက်ကိုထိခိုက်တာ

ဦးနှောက်အတွင်းမှာရှိတဲ့ neurotransmittersတွေဟာ သာယာပျော်ရွှင်ဖွယ်အချိန်ဖြစ်နေတဲ့အခါ ကိုယ့်ကိုကိုယ်လုံခြုံတယ်ဆိုတာသတိပေးတဲ့ biochemicals တွေထုတ်လွှတ်ပါတယ်။ အဲအရာနဲ့ဆန့်ကျင်ဘက်ကတော့ ဆူဆူညံညံအနေအထားမျိုးဆို ကြောက်လန့်တာ၊ အသင့်အနေအထားပြင်စေတဲ့ biochemicals တွေထုတ်လွှတ်မှာပါ။ ဒါ့အတွက်ကြောင့် ကလေးငယ်လေးတွေကိုမကြာခဏဆူတိုင်း သူတို့ရဲ့ဦးနှောက်ကို မကြာခဏအလုပ်ပေးသလိုဖြစ်ပြီး ထိခိုက်စေပါတယ်။

https://s9.kh1.co/__image/w=600,h=344,q=100/d4/d42b9075f41e8349a0b73c0002b615e0e429455e.jpg

၂။ ဆုံးမချင်တဲ့အရာခေါင်းထဲမရောက်တာ

သင်အော်ပြောပြီး ဆူနေတဲ့အချိန် သင်ပြောချင်တာကို ကလေးက မှတ်ထားမှာမဟုတ်ပါဘူး။ သင်ပြောချင်တာခေါင်းထဲရောက်မယ့်အစား သူတို့စိတ်ထဲမှာ ကြောက်လန့်တာ၊ ဝမ်းနည်းတာတွေကပဲ ကြီးစိုးနေမှာပါ။

https://s9.kh1.co/__image/w=600,h=503,q=100/3a/3af780fe330cbed11b141b0f10be6072929d3be3.jpg

၃။ လူကြောက်သွားပါလိမ့်မယ်

သင်အော်နေတဲ့အချိန် သင့်မျက်နှာဟာ ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ သင်ကိုယ်တိုင်မသိနိုင်ပါဘူး။ ဒါကြောင့် ကလေးငယ်လေးတွေအနေနဲ့ လူကြီးတွေနဲ့စကားပြောရမှာကြောက်တာ၊ သွက်သွက်လက်လက်မရှိတော့တာ၊ နောက်ဆုံးစိတ်ပိုင်းဆိုင်ရာဝေဒနာတွေအထိဖြစ်လာနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=445,q=100/ab/ab88e9fcbb5418c93f761793d5ed14be9d413929.jpeg

၄။ သင့်လိုတစ်နေ့ဖြစ်လာမှာ

ကိစ္စတစ်ခုခုကို အော်ငေါက်တာနဲ့အဆုံးသတ်နေမိရင်တော့ သင့်ကလေးဟာလည်း အနာဂတ်မှာ အော်ငေါက်တတ်ပြီး ဒေါသထွက်လွယ်တဲ့လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

https://s9.kh1.co/__image/w=598,h=420,q=100/72/72dfa6aa1501e8824acee0e8b9b9906929f88d0e.jpg

၅။ ကလေးနဲ့သင်ရဲ့ကြားယုံကြည်မှုပျောက်ဆုံးတာ

တစ်ခုခုဆို သင်ကအော်နေတော့ သူ့အနေနဲ့သင့်ကို အရာအားလုံးလာမပြောရဲတော့ပါဘူး။ သင့်အပေါ် သူယုံကြည်မှူပျောက်ဆုံးသွားတာဖြစ်နိုင်သလို၊ အအော်ခံရမှာပဲဆိုတဲ့အတွေးနဲ့ပဲ မပြောဖြစ်တော့တာလဲဖြစ်နိုင်ပါတယ်။

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T