မိမိကိုယ်ကုိ သူဌေးဖြစ်လာအောင် ပြုလုပ်နိုင်တဲ့ အကောင်းဆုံးတွေထဲက နည်းလမ်းတစ်ခု

//s9.kh1.co/a6/a6bcf5740e2370ab6bb8c88c858b8fc6d2c0ac14.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီး‌ေရ ချွေတာစုဆောင်း သူဌေးလောင်းဆိုတဲ့စကားအတိုင်း သင့်ကိုသူဌေးဖြစ်စေမယ့်နည်းကတော့ မရှိဘူးထင်တဲ့ပိုက်ဆံကို ရှိအောင်စုတဲ့နည်းပါ။ မရှိဘူးလို့မထင်ပါနဲ့။ စားရင်းသုံးရင်းနဲ့ကိုပဲ တစ်ဖက်ကလည်း ဘဏ်စာအုပ်ထဲ သချင်္ာဂဏန်းတွေ တဖြည်းဖြည်းများလာအောင်လုပ်လို့ရပါတယ်။ တစ်လလုံးစာ ကိုယ့်ဝင်ငွေဘယ်လောက်ရှိလဲ။ ဘယ်လောက်သုံးလိုက်ပြီး ဘယ်လောက်စုဖြစ်လိုက်တယ်ဆိုတာကို အလွယ်တကူသိရှိနိုင်ဖို့အတွက် စာရင်းလုပ်ပေးပါ။

https://s9.kh1.co/__image/w=318,h=159,q=100/fa/fa3f7fea1924db7ef5c0f4ca6252d60f615185e3.jpg
https://s9.kh1.co/__image/w=650,h=375,q=100/f4/f41b0f9fe69741a8bcd2657c855f782178e2837f.jpg

ဒီနည်းလမ်းက သင့်အတွက် မလိုအပ်ပဲ ငွေတွေ စာရင်းပျောက်တာကို ကာကွယ်ပေးနိုင်ပြီးတော့ လကုန်မှ ဘာမှလည်း မသုံးလိုက်ရဘူး ဒါမှမဟုတ် ဘာမှလည်း မစုလိုက်ရဘူးဆိုတဲ့ စိတ်ရောဂါကို ပျောက်ကင်းနိုင်မှာဖြစ်ပြီးတော့ ကိုယ် ဘယ်လောက်သုံးလိုက်ရလဲ ဘယ်လောက်စုလိုက်ရလဲဆိုတာကို သေချာသိနေရမှာ ဖြစ်ပါတယ်နော်။ ဒီတစ်လအောင်မြင်သွားပြီဆိုရင်တော့ နောက်တစ်လမှာ စည်းကမ်းထားရပါတော့မယ်။ သင့်ရဲ့ဝင်ငွေရဲ့ ရာခိုင်နှုန်းဘယ်လောက်ကို စုမလဲ၊ ရာခိုင်နှုန်းဘယ်လောက်ကို သုံးမလဲဆိုတာကို စတင်သတ်မှတ်ပြီး အဲဒီအတိုင်းကျင့်သုံးရပါတော့မယ်။

https://s9.kh1.co/__image/w=650,h=453,q=100/d4/d4614860381717af017f65bce612356cca018aed.jpg

အောင်မြင်သွားပြီဆိုရင်တော့ သင့်လက်ထဲမှာလည်း ငွေအတော်အတန်စုမိနေပြီဆိုတာ အာမခံပါတယ်။ နောက်တစ်ခုက ရည်မှန်းချက်ထားဖို့ပါပဲ။ ဘာအတွက်ဆိုတဲ့ခေါင်းစဉ်မရှိပဲနဲ့ ဒီအတိုင်း ဘဏ်ထဲကို ပိုက်ဆံတွေ သွားသွားထည့်နေတာထက်စာရင်တော့ ဘာကြောင့်စုတယ်ဆိုတဲ့ရည်ရွယ်ချက်ထားလိုက်တာက သင့်ကို အရင်ထက် ပိုစုနိုင်အောင် တွန်းပို့ပေးပါလိမ့်မယ်။ လှူဒါန်းဖို့ ငွေစုပါ။ အကြိုက်ဆုံးဖုန်းတစ်လုံးဝယ်ဖို့ငွေစုပါ။ အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့ ငွေစုပါ။ စီးပွားရေးလုပ်ဖို့ ငွေစုပါ။ နောက်ဆုံး ဒီလိုလိုအင်ဆန္ဒတွေမရှိဘူးဆိုရင်တောင် ကိုယ်လုပ်ချင်တာလုပ်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ ငွေစုပါ။

https://s9.kh1.co/__image/w=650,h=434,q=100/93/9309b89644e955e2358514eae0810ff13a3eac93.jpg

အရေးပေါ်သုံးဖို့လည်း အနည်းငယ်သက်သက် ထပ်စုဖို့ အကြံပေးပါရစေ။ မမျှော်လင့်ပဲ နောက်လ ခရီးထွက်ဖြစ်မှာလား။ ဒါမှမဟုတ် မနေ့ကမှ မိသားစုဝင်တစ်ယောက်ယောက် နေမကောင်းလို့ ဆေးခန်းပြလိုက်ရတာလား။ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေဆိုပေမယ့် ဒါမျိုးအရေးပေါ်ကိစ္စလေးတွေကအစ ဘဏ်ထဲကစုငွေကို ထုတ်သုံးနေစရာမလိုအောင် လက်ထဲရှိတာ ကျစ်လစ်ထားတတ်တဲ့အကျင့်လေးကိုလည်း လုပ်ပေးဖို့ မမေ့ပါနဲ့နော်။ မလိုအပ်တာတွေ မဝယ်ပဲ အခုလိုစုမယ်ဆိုရင်တော့ သင် အပေါ်က အဆင့်တွေတိုင်းကို ဖြတ်သန်းသွားပြီးချိန်မှာ သင်ဟာ သင့်ပတ်ဝန်းကျင်သူငယ်ချင်းတွေကြားမှာ အတော်အတန်ဆိုတဲ့ ပမာဏထက်တောင်ပိုပြီး ငွေစုမိနေတဲ့ ဘောစိအသေးလေးတစ်ယောက်ဖြစ်နေပြီဆိုတာ သေချာပြီပေါ့နော်။

https://s9.kh1.co/__image/w=630,h=315,q=100/03/03b1afb5e222b2dbaee903e9e424d887866a597c.jpg

သတင်း အရင်းအမြစ်Lifehack

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T