ကုန်းနေသတ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဆင်တွေ ယားတဲ့အခါ ကုတ်ကြတဲ့နည်းလမ်း

//s9.kh1.co/c8/c83929082886b1786209a621d79afa58a353b7c1.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ လူတွေယားလို့ ကုတ်ချင်တဲ့အခါ နှုတ်ကပြောတတ်တော့ တစ်ခြားတစ်ယောက်ကို အကူအညီတောင်းလို့ရပါတယ်။ ကိုယ်လက်မှီတဲ့နေရာတွေဆို ကိုယ့်ဘာသာကုတ်လို့ရပြီး မမှီရင်လဲ ကုတ်တံ သို့မဟုတ် တခြားသူတစ်ယောက်ကို အကူအညီတောင်းတက်စမြဲပါ။ ဆင်တွေဆိုရင်ရော ဘယ်လိုကုတ်ကြမယ်လို့ ပရိသတ်ကြီးထင်ပါသလဲ။

https://s9.kh1.co/__image/w=650,h=434,q=100/54/545383992d6c98769d625febf487439e925f41af.jpg

ဆင်ဆိုတဲ့ သတ္တဝါကတော့ အရမ်းကို ခန္ဓာကိုယ်ကြီးမားလွန်းတဲ့အတွက် သူတို့ ယားလို့ ကုတ်ချင်ရင် ဘယ်လိုပြုမူကြလဲဆိုတာ သိချင်မိမှာပါပဲ။ တကယ်တော့ ဆင်တွေဟာ ယားလို့ကုတ်ချင်တဲ့အခါ ကားတွေကို ထိပြီး ကုတ်လေ့ရှိပါတယ်လို့ သိရပါတယ်။ ဒါဟာ ဆင်တွေရဲ့ကုတ်နည်းထဲက တစ်ခုဖြစ်နိုင်ပါတယ်။ ဘာလို့ဆို ကားမရှိတဲ့နေရာမှာ သူတို့တွေအနေနဲ့ သစ်ပင်တွေကို ပွတ်တိုက်ပြီး ကုတ်ကြမယ်လို့ ယူဆလို့ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/57/575d300ab6827d21116cc0e128cd2a49198f1ca0.jpg

ဒီလေ့လာမှုကို တောင်အာဖရိကနိုင်ငံက ပီလာနပ့်စ်ဘပ် အမျိုးသားဥယာဉ် စောင့်တာဝန်ခံမန်နေဂျာ လမ်းပြ တစ်ဦးဖြစ်တဲ့ အသက် (၂၁)နှစ်အရွယ် အာမန် ဂရော်ဘလာက မျက်မြင်ကိုယ်တွေ့ စူးစမ်းခဲ့တာပါ။ သူဟာ လမ်းမပေါ်မောင်းလာတဲ့ ကားတစ်စီးကို ဆင်တစ်ကောင်က ကားနဲ့ ထိနေတဲ့ မြင်ကွင်း ကို သတိထားမိခဲ့ရာက အခုလို သုံးသပ်ခဲ့တာပါ။ အာမန်က သူဟာ တိရစ္ဆာန်တွေရဲ့ ဘာသာဗေဒ ကို လေ့လာစူးစမ်းနေသူ ပီပီ သူ့ရဲ့ လုပ်ငန်းအတွေ့အကြုံ အရ တိရစ္ဆာန်တွေ ရဲ့ အလေ့အထကို နားလည်လွယ်သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=437,q=100/b7/b748c068509c98a5e3aeeff9f3dac31d7fcd22a2.jpg

သူမြင်တွေ့ခဲ့တဲ့ မယုံနိုင်စရာကောင်းလောက်အောင်အ့ံအားသင့်ရတဲ့ ဆင်ကြီးတစ်ကောင်ရဲ့ မြင်ကွင်းကို သူက ဓာတ်ပုံရိုက်ယူထားခဲ့ပါတယ်။ တောင်အာဖရိကဆင်အများစုကတော့ ဒီလိုအလေ့အထမျိုးရှိတတ်ပေမယ့် ဖွံ့ဖြိုးမှုနှေးကွေးတဲ့ နိုင်ငံတွေမှာရှိတဲ့ ဆင်တွေကတော့ ဒီလိုလုပ်ပါ့မလား မပြောတတ်သေးပါဘူး။ ဘာပဲပြောပြော ညဏ်ကောင်းတယ်လို့ ဆိုရမှာဖြစ်ပေမယ့် ကားတွေကတော့ ဆင်ကို မြင်ရင် ဝေးဝေးရှောင်ပေတော့ပဲနော်။

https://s9.kh1.co/__image/w=540,h=357,q=100/1f/1f4573604e30bddab65305238ab948dd5306fe7b.jpg
https://s9.kh1.co/__image/w=540,h=360,q=100/01/015418d46da9d45e646cc5baef683ab65d396d17.jpg

သတင်း အရင်းအမြစ်Wildlife

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T