ဒီအမျိုးသားကတော့ အသက် 32 နှစ်အရွယ် ပြင်သစ်နိုင်ငံသား Anthony Loffredo ပဲ ဖြစ်ပါတယ်။Antony ဟာသူ့ရဲ့ ခန္ဓာကိုယ်အနှံ့မှာ တက်တူးတွေအများကြီး ထိုးထားရုံသာမက ခွဲစိတ်မှုတွေများစွာလည်း ပြုလုပ်ထားသူတစ်ယောက်လဲ ဖြစ်ပါတယ်။အဆိုးဆုံးတစ်ခုကတော့ Antony ဟာ သူ့ရဲ့ အနက်ရောင် ဂြိုလ်သားတစ်ယောက်လိုဖြစ်ချင်တဲ့ အိမ်မက်အတွက် နှာခေါင်းကိုပါ ဖြတ်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒါဟာ လက်ရှိမှာ အဆိုးဆုံးတစ်ခုလို့ ဆိုလို့မရတော့ပါဘူး ၊ ဘာလို့လဲဆိုရင် Anthony ဟာ သူ့ရဲ့နောက်ဆုံးခွဲစိတ်မှု တစ်ခုအဖြစ် နှုတ်ခမ်းထိပ်ပိုင်းကိုပါ ဖြတ်ထုတ်ပစ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။Anthony ဟာ နှုတ်ခမ်းထိပ်ပိုင်းကို ဖြတ်ထုတ်ခဲ့တဲ့အတွက် စကားပြောတဲ့နေရာမှာ အခက်အခဲအနည်းငယ်နဲ့ ရင်ဆိုင်နေရပေမယ့် သူ့ရဲ့ အနက်ရောင် ဂြိုလ်သားတစ်ယောက်လို ဖြစ်ချင်တဲ့ အိမ်မက်အတိုင်း ခွဲစိတ်ပြင်ဆင်မှုတွေ ဆက်လုပ်သွားဦးမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် Antony ဟာ သူ့ရဲ့မျက်လုံးတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများကိုလည်း အမဲရောင်ဖြစ်အောင် ပြောင်းလဲထားတာကြောင့် သူ့ရဲ့လက်ရှိပုံစံကြီးဟာ သွေးပျက်စရာပါပဲ။ တချို့လူတွေအတွက်တော့ ဒါဟာအရမ်းရူးမိုက်တဲ့ လုပ်ရပ်တစ်ခုလို့ ဆိုနိုင်ပေမယ့် Antony ကတော့ သူရဲ့အိမ်မက်ကို အကောင်းဆုံး အကောင်အထည်ဖော်နေတာပဲ ဖြစ်ပါတယ်။ သူရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကတော့လေးစားစရာဆိုပေမယ့် ပုံပန်းသွင်ပြင်ကြီးကတော့ တကယ့်ကို ကြောက်စရာကောင်းနေခဲ့ပါပြီ………………………………..
သတင်း အရင်းအမြစ်៖ Anthony Loffredo instagram