အရက်စွဲနေသူတစ်ယောက် ရုတ်တရက်အရက်ဖြတ်လိုက်ရင် ဘာတွေဖြစ်လာနိုင်သလဲ

//s9.kh1.co/a0/a0b5164424e4f7d0b46bc378244c6a845a794f50.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အခုလိုပွင့်လင်းမြင်သာလာတဲ့ ခေတ်ကာလမှာ အရွယ်ရောက်သူ ယောကျာ်း မိန်းမ တော်တော်များများဟာ အရက် ၊ ဘီယာကို ပျော်ချင်လို့ပဲဖြစ်ဖြစ် စိတ်ညစ်စရာဖျေဖျောက်ချင်လို့ ပဲဖြစ်ဖြစ် သောက်သုံးလာပါတယ်။ဘယ်လိုအကြောင်းမျိုးကြောင့်ပဲသောက်သောက် တစ်ခါတစ်လေ သောက်တာလောက်သာ ကောင်းပြီး အမြဲတမ်းသောက်ပြီး စွဲသွားရင်တော့ မလိုလားအပ်တဲ့ ရောဂါ ဝေဒနာတွေ ခံစားလာရတတ်ပါတယ်။

photo credit - pngtree
photo credit - pngtree

အခုတစ်ခေါက်မှာဆိုရင် ပရိသတ်တွေကို အရက်စွဲနေသူတစ်ယောက်က ရုတ်ရက် အရက်ဖြတ်လိုက်ရင် ခံစားရလာနိုင်တဲ့ ရောဂါ ဝေဒနာတွေကို ဖော်ပြပေးချင်ပါတယ်။အရက်စွဲသူ တစ်ယောက်ဟာ ရုတ်တရက် အရက်ဖြတ်လိုက်မယ်ဆိုရင် အသိစိတ်လွတ်ပြီး စိုးရိမ်ပူပန်လွန်းတာတွေ ဂဏာမငြိမ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ချွေးတွေအရမ်းထွက်ပြီး နှလုံးခုန်မြန်လာတာတွေ ၊ မျက်စိသူငယ်အိမ် ကျယ်လာတွေလည်း ဖြစ်တတ်ပါတယ်။

photo credit - pngtree
photo credit - pngtree

စိတ်ဂယောင်ခြောက်ခြားလည်း ဖြစ်နိုင်ပြီး တကယ်မရှိတာတွေကို မြင်နေတာတွေ ကြားနေရသလိုနဲ့ ကြောင်တောင်တောင်ပုံစံမျိုး ဖြစ်တတ်ပါတယ်။ဒါ့အပြင် လက်တွေအရမ်းတုန်တာ ၊ ပျို့အန်တာတွေနဲ့ တက်တာတွေပါ ဖြစ်နိုင်ပါတယ်။ ဒါေ့ကြာင့် အရက်ဖြတ်တော့မယ်ဆိုရင် ကိုယ့်စိတ်တိုင်းက ရုတ်တရက်မဖြစ်လိုက်ပဲ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီးမှသာ ဖြတ်သင့်ပါတယ်။

photo credit - pngtree<br>
photo credit - pngtree

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T