ကလေးအယောက် 200 ကျော်မွေးပြီး အသက် 256 နှစ်ထိရှင်သန်ခဲ့တဲ့ အမျိုးသား

//s9.kh1.co/d7/d78a70b6ec4b9c86ef79eabdeec517a45916006b.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


တရုတ်နိုင်ငံအတွင်းမှာတော့ Li Chinf-yuen လို့ခေါ်တဲ့ အသက်အရမ်းရှည်တဲ့ လူတစ်ယောက်ရှိခဲ့ပါတယ်။Li Chinf-yuen ကိုတော့ ၁၆၇၇ ခုနှစ်က တရုတ်နိုင်ငံဆီချန်ခရိုင်၊ကျုဂျီယန်ဇီအန် ပြည်နယ် မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။Li ဟာ အသက်ဆယ်နှစ်လောက်ထဲက ဆေးဖက်ဝင်တဲ့ သစ်ဥသစ်ဖုတွေ ရှာဖွေတဲ့အလုပ်ကိုလုပ်ခဲ့ပြီး သူဟာ ဂန်ဇူးဒေသ၊တိဘက်နိုင်ငံ၊ဗီယက်နမ်၊ထိုင်း၊ရုရှားနယ်စပ်တို့မှာ သွားရောက်ရှာဖွေခဲ့ပါတယ်။Li ဟာ သူ့ရဲ့အချိန်တော်တော်များများကို သစ်ဥသစ်ဖု ရှာဖွေတဲ့နေရာမှာပဲ အသုံးချခဲ့တာကြောင့် အများအားဖြင့် ဆန်အရက်နဲ့ သစ်ဥသစ်ဖုတွေကိုသာ မှီဝဲခဲ့ပါတယ်။

photo from google
photo from google

ဒီလိုနဲ့ Li ဟာသစ်ဥသစ်ဖုတွေကပေးတဲ့ ဓာတ်တွေနဲ့ အမြဲပြိုမြစ်နုနယ်နေခဲ့ပြီး အသက် ၇၂ နှစ်အရွယ် ၁၇၄၉ နှစ်အရောက်မှာ ပြည်သူ့စစ်တပ်ထဲမှာ ကိုယ်ခံပညာဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ Li ဟာ ဒီအလုပ်ကို 6 နှစ်လောက်လုပ်ပီး သူ့ရဲ့အသက် ၇၈ နှစ်အရောက်မှာတော့ အငြိမ်းစားယူခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Li ဟာ နှစ်ပေါင်း ၁၀၀ ကျော်လောက်အထိ ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေကိုသာ ရှာဖွေပြီးနေထိုင်ခဲ့ပါတယ်။Li ရဲ့ပုံစံကတော့ အနီရောင်သမ်းတဲ့အသားအရေ ၊ ၇ ပေလောက်ရှိတဲ့အရပ်နဲ့ ထောင်ထောင်မောင်းမောင်း လူကြီးတစ်ယောက်လိုပါပဲ။

photo from google
photo from google

Li ဟာ ၁၉၃၃ ခုနှစ်အရောက်မှာတော့ လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့ပြီး မသေခင်မှာ ဇနီးပေါင်း ၂၄ ယောက်ကိုလက်ထက်ခဲ့ပြီး သားသမီး ၂၀၀ ကျော်နဲ့မျိုးဆက် ၁၁ ဆက်ရှိခဲ့ပါတယ်။သူကွယ်လွန်ချိန်မှာ နောက်ဆုံးဇနီးက အသက်(၆၀) ရှိနေခဲ့ပါပြီ။ သူ့ရဲ့အသက်ရှည်မှုနဲ့ ပတ်သတ်ပြီး Li ပြောခဲ့တာကတော့ “တိတ်ဆိတ်ငြိမ်သက်တဲ့ နှလုံးသားနဲ့အသက်ရှင်ပါ။လိပ်တစ်ကောင်လိုနေထိုင်ပါ။ပင်ဂွင်းဌက်လို လမ်းလျှောက်ပါ။”ဆိုတာပဲဖြစ်ပါတယ်။၁၉၈၂ နှစ်မှာ ယူကူတက္ကသိုလ် ပါမောက္ခ ကြီးက Li ရဲ့အသက်ရှည်မှုကို သံသယဖြစ်ခဲ့သလို တရုတ်အစိုးရပေးအပ်ထားတဲ့ အသက် ၁၅၀ ပြည့်နဲ့အသက် (၂၀၀) ပြည့် ဂုဏ်ပြုသဝဏ်လွှာကို တွေ့မှသာ အံသြယုံကြည်သွားခဲ့ပါတယ်။

photo from google
photo from google

၁၉ ရာစုကတက်လာတဲ့ သတင်းတွေထဲက Li ရဲ့အိမ်နီးချင်း အဘိုးအိုတစ်ယောက်ဟာဆိုရင်လည်း “ရုပ်ရည်အတိုင်းအကဲခတ်မယ်ဆိုရင် ကျွန်တော်နဲ့သူက ရွယ်တူလို့ ထင်ရတာပေါ့ဗျာ၊ တကယ်တော့ မဟုတ်ဖူးဗျ။ကျွန်တော့်အဖိုးအဖွားတွေ အိုးပုတ်လေးတွေနဲ့ကစားနေတဲ့အချိန်မှာတောင် သူကလူကြီးတစ်ယောက်ဖြစ်နေပြီ။သူအသက်က ၂၀၀ ကျော်နေပြီမယုံမရှိနဲ့” လို့ပြောထားတာကိုတွေ့ရပါတယ်။ Li ဟာ သူသေဆုံးခဲ့ချိန်မှာ အသက် ၂၅၆ နှစ်ရှိနေပြီဖြစ်ပြီး ဒီလောက်အသက်ရှည်တဲ့လူကြီးတစ်ယောက်ရှိခဲ့တယ်ဆိုတာ သက်သေအထောက်အထားတွေသာ အတိအကျမရှိရင် ယုံကြည်နိုင်စရာမရှိပါဘူး………………………………………….

photo from google<br>
photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T