သခင့်ရဲမင်္ဂလာဆောင်ပွဲအထိ အချိန်မှီ‌အောင် အသက်ရှင်ဖို့ဆန္ဒပြင်းပြပြီး နေထိုင်ခဲ့တဲ့ ခွေးကလေး

//s9.kh1.co/4b/4ba08bfe0cb92ddaceaccb90e4a1b773a70575b5.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ခုဖော်ပြသွားမှာကတော့ သေခါနီးခွေးလေးတစ်ကောင်ရဲ့ သူသခင့်အပေါ်ထားတဲ့ မေတ္တာကို ဖော်ပြသွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက တစ်စုံတစ်ယောက်ဟာ စျေးဆိုင်ရှေ့က စျေးဝယ်လှည်းထဲမှာ စွန့်ပစ်ခဲ့တဲ့ ခွေးနက်လေးတစ်ကောင်ကို Kelly အလုပ်လုပ်ခဲ့တဲ့ shelter ကိုပို့ခဲ့ပါတယ်။ Kelly ကလည်းခွေးမွေးဖို့ စိတ်ကူးမရှိခဲ့ပင်မဲ့ ခွေးလေးကို မြင်တဲ့အချိန်မှာတော့ ချစ်သွားပြီး အိမ်ကိုခေါ်သွားခဲ့ပါတယ်။ အချိန်တွေ ကုန်သွားပြီးတဲ့နောက် Kelly လည်း James Garvin နဲ့တွေ့ပြီး ခု September မှာလက်ထပ်ခဲ့ပြီး သူ့ခွေးလေး Charlie ကိုလက်ထပ်ပွဲမှာ သူနဲ့အတူ ရှိစေချင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=597,h=381,q=100/19/1945d4449d7ef8aaf24b0f8918b21d292f507058.png
https://s9.kh1.co/__image/w=598,h=396,q=100/f6/f632450a8da9750521ef2625c3a372b17a3b8feb.png
https://s9.kh1.co/__image/w=598,h=398,q=100/c8/c86028996a08ba72927ff9c3ac2afff71dcf0705.png

ဝမ်းနည်းစွာဘဲ Charlie ဟာဒီနှစ်အစောပိုင်းကတည်းက brain tumor ရောဂါခံစားနေရပြီး အားအရမ်းနည်းနေခဲ့ပါတယ်။ မင်္ဂလာမဆောင်ခင် တစ်ပတ်အလိုမှာ နေမကောင်းတာ ၅ကြိမ်တောင် ဖြစ်ခဲ့ပင်မဲ့ အံ့ြသဖို့ကောင်းစွာဘဲ မင်္ဂလာဆောင်မဲ့အပတ်မှာ နေမကောင်းတစ်ကြိမ်တောင်မဖြစ်ဘဲ ကျန်းကျန်းမာမာ ရှိနေပါတယ်။

https://s9.kh1.co/__image/w=598,h=398,q=100/93/93faca4b857fbb88a585174d282c7e9b55550fb2.png
https://s9.kh1.co/__image/w=602,h=399,q=100/34/3413def47262e50e67fc1212a06e45c8db91f160.png
https://s9.kh1.co/__image/w=600,h=401,q=100/ff/fff72d0d5487bac2c2f33d9cd852726900269508.png

ဒါပင်မဲ့လည်း လုံးဝကျန်းမာရေး ပြန်ကောင်းတာမျိုးမဟုတ်ဘဲ သူမရဲ့ မင်္ဂလာဆောင်နေ့အတွက် အားတင်းထားတာကို Kelly သိပါတယ်။ ခွေးလေးက သူမရဲ့ အမှတ်တရနေ့မှာ အတူရှိရတာကို တကယ်ပျော်ခဲ့ပါတယ်။ Charlie ဟာအိမ်မှာဘဲ ငြိမ်ငြိမ်းချမ်းချမ်းနဲ့ မီးလင်းဖိုရှေ့မှာ မိသားစုတွေဝန်းရံပြီး သေသွားခဲ့ပါတယ်။ ဒါပင်မဲ့လည်း မင်္ဂလာဆောင်နေ့ထိ သူနဲ့အတူရှိပေးပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်နိုင်ခဲ့တာ တကယ်မမေ့နိုင်တဲ့ အမှတ်တရပါ။

https://s9.kh1.co/__image/w=596,h=399,q=100/0e/0e20750011f47dc4d6e63b57e23223f780ac0945.png
https://s9.kh1.co/__image/w=600,h=395,q=100/a5/a535054ac974bbd521d2f99ea14071c88d1b770e.png
https://s9.kh1.co/__image/w=602,h=397,q=100/5a/5ab5c75499dfcb1ca2067be7268659660ed7f7d9.png

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T