လူတစ်ယောက်ဟာ တစ်နေ့ ဘယ်နှစ်နာရီလောက် အိပ်စက်ပေးသင့်လဲ?

//s9.kh1.co/65/655a73c497632e37f433d4ccf0321e4f20c48d87.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လူတစ်ယောက်ဟာ ခန္ဓာကိုယ်က ကြွက်သားတွေ ဖွံ့ဖြိုးဖို့ ၊ တစ်သျှူးတွေ အလုပ်လုပ်ဖို့ နဲ့ ဟော်မုန်းတွေ တည်ဆောက်ဖို့ နေ့တိုင်း အိပ်စက်အနားယူပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အိပ်စက်ခြင်းဟာ မှတ်ဉာဏ်သိမ်းဆည်းတဲ့ နေရာမှာပါ အရေးပါလှပြီး သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ လူတွေဟာ အိပ်စက်ပြီးတဲ့နောက်မှာ အချက်အလက်သိမ်းဆည်းတာတွေသာမကပဲ မှတ်ဉာဏ်ဆိုင်ရာလုပ်ငန်းဆောင်တာတွေမှာပါ ပိုမိုကောင်းမွန်းစာ လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

photo from google
photo from google

အိပ်စက်အနားယူသင့်တဲ့အချိန်အနေနဲ့ဆိုရင်တော့ အရွယ်ရောက်ပြီးတဲ့သူတွေဟာ တစ်နေ့ကို 7 နာရီကနေ 9 နာရီလောက်ထိ အိပ်စက်ပေးသင့်ပါတယ်။ အသက် တစ်နှစ်အရွယ်ကလေးတွေကတော့ တစ်နေ့ကို 11 နာရီကနေ 14 နာရီလောက်ထိ အိပ်ပေးသင့်ပြီး ကျောင်းတက်တဲ့ အရွယ်ကလေးတွေကတော့ တစ်နေ့ကို 9 နာရီကနေ 11 နာရီလောက်ထိ အိပ်ပေးသင့်ပါတယ်။ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုရင်တော့ 8 နာရီကနေ 10 နာရီလောက်ထိ အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။

photo from google
photo from google

လူတစ်ယောက်ဟာ နိုးကြားတက်ကြွနေစေဖို့ နေ့တိုင်းအိပ်စက်အနားယူပေးဖို့လိုအပ်ပြီး အိပ်ရေးပျက်တာတွေ များလာတဲ့အခါမှာဆိုရင်တော့ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်မှုနှုန်းတွေဟာ သိသိသာသာကျဆင်းလာပါတယ်တာကြောင့် ပုံမှန်လေး အိပ်စက်ပေးဖို့ လိုပါတယ်။

ဒ့ါအပြင် အိပ်ရေးပျက်တာတွေ စုထားပြီး အတိုးချပြန်အိပ်တာမျိုးတွေကိုလည်း ရှောင်ရှားပေးသင့်သလို နေ့စဉ် ကိုယ်အိပ်စက်အနားယူသင့်တဲ့ အချိန်အတိုင်း အနားယူတာက အကောင်းဆုံးပါပဲ……………….

photo from google
photo from google

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T