မိမိရဲ့အသက်အတွက် ငါးမန်းနဲ့ ယှဉ်ကာ အသေအကြေတိုက်ပွဲ၀င်ခဲ့ကြသူများ

//s9.kh1.co/0a/0abe37d676d55e1a9a3e92002ed95d8ab32b894f.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါမှာတော့ ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်တာကတော့ ကမ်းခြေမှာ အပန်းဖြေရင်း အပျော်တမ်းလှိုင်းစီးသမားတွေ ကြုံတွေ့ခဲ့ရတဲ့ ဘေးဒုက္ခအကြောင်းဖော်ပြပေးချင်ပါတယ်။ ဒါကတော့ အခြားမဟုတ်ပါဘူး။ ငါးမန်းတွေရဲ့ တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။ ဒီလို အဖြစ်မျိုးဟာ ကျွန်တော်တို့နိုင်ငံမှာ အဖြစ်နည်းပေမယ့်လည်း အနောက်နိုင်ငံ အတော်များများမှာတော့ အသားစားငါးမန်းတွေဟာ ကမ်းစပ်နားထိလာပြီး လူတွေကို ပစ်မှတ်ထားတိုက်ခိုက်ကြတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/e4/e43c79150f02b125ad14035949d078d95f0e0c60.jpg
https://s9.kh1.co/__image/w=600,h=557,q=100/53/5398c74a17802360bcae4ab15b2bfbef95e030c3.jpg

ဒီလို တိုက်ခိုက်ခံရမှုတွေ တစ်ခါ နှစ်ခါမကတော့ပဲ နှစ်စဉ်နှစ်တိုင်းလိုလို ခရီးသွားရာသီတွေမှာ ကြုံနေကျအရာတွေလို့တောင် ပြောလို့ရနေပါပြီ။ ဒီလိုတိုက်ခိုက်ခံရတဲ့အခါမှာလည်း အများစုဟာ အသက်ဘေးကနေ လွတ်မြောက်လာခဲ့ပေမယ့်လည်း ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့ အတော်လေးကို ကြီးမားလှပါတယ်။ ခန္ဒာကိုယ်တစ်ခုလုံး သေရာပါမယ့် အမာရွတ်ကြီးတွေ ရသွားတဲ့သူလည်း ရှိသလို ကိုယ်လက် အင်္ဂါတစ်ခုခု ငါးမန်းကိုက်လိုက်တဲ့အတွက် ဆုံးရှုံးသွားခဲ့ရသူတွေလည်းရှိပါတယ်။

https://s9.kh1.co/__image/w=600,h=314,q=100/3a/3a3a9fa9b0c9ddc4f619999e94217fbd1fce461c.jpg
https://s9.kh1.co/__image/w=600,h=375,q=100/6f/6f28eb6cbcda393702558e5b94e8e36b12e23961.jpg

တချို့ကံမကောင်းတဲ့သူတွေကတော့ ငါးမန်းရဲ့ တိုက်ခိုက်မှုမှာ ကျရှုံးကာ အသက်ပေးသွားရတဲ့သူတွေလည်း ရှိပါတယ်။ ရှေးလူကြီးသူမတွေရဲ့ စကားအရ ငါးမန်းတိုက်ခိုက်ခံရတဲ့ အခါ ကျောခိုင်းပြီး ထွက်မပြေးပဲ ငါးမန်းရဲ့ မျက်လုံးနဲ့ ပါးဟပ်ကို တိုက်ခိုက်သင့်တယ်လို့ ပြောခဲ့ဖူးကြပါတယ်။ အနည်းဆုံးတော့ မိမိကို ချက်ချင်းရန်မမူနိုင်တော့ပဲ နောက်ပြန်ပြေးသွားတတ်လို့လည်း အဆိုရှိပါတယ် ပရိသတ်ကြီးရေ။ ဒါ့ကြောင့် ကမ်းခြေသွားတဲ့အခါ သတိလေးနဲ့ ယှဉ်ပြီး အပန်းဖြေကြပါလို့ အကြံပြုလိုက်ရပါတယ်နော်။

https://s9.kh1.co/__image/w=600,h=450,q=100/2d/2db05c595c35ce3697ff1aeaae3127230c813f81.jpg
https://s9.kh1.co/__image/w=600,h=338,q=100/e4/e4919b9c94d533e68b629b249d74c5377f0ee8b6.jpg
https://s9.kh1.co/__image/w=600,h=338,q=100/bd/bd90cebfeb236ff9cf6c96b8fdb28d53760e24d0.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T