အမေဇုန်မြစ်ဝှမ်းမှာ ရှင်သန်နေထိုင်ကြတဲ့ ကြောက်လန့်ဖွယ်ရာ အကောင်ကြီးများ

//s9.kh1.co/19/19afc4ac7308522ad661f8de8d8d6dc647dd2acc.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို အခုတစ်ခါ ဖော်ပြပေးချင်တာကတော့ ဘရာဇီးနိုင်ငံထဲမှာ တည်ရှိတဲ့ အမေဇုန်သစ်တောထဲမှာ ရှင်သန်နေထိုင် ကျက်စားကြတဲ့ ထူးဆန်းတဲ့ အကောင်တွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အမေဇုန်သစ်တောဆိုတာကတော့ တောင်အမေရိက၊ အမေဇုန် မြစ်ဝှမ်းအများစုကို လွှမ်းခြုံထားသည့် အပူပိုင်း စိုစွတ်မိုးသစ်တောတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါမြစ်ဝှမ်းဟာ ၇,၀၀၀,၀၀၀ စတုရန်း ကီလိုမီတာ (၂,၇၀၀,၀၀၀ စတုရန်းမိုင်) ရှိပြီး ၅,၅၀၀,၀၀၀ စတုရန်း ကီလိုမီတာ (၂,၁၀၀,၀၀၀ စတုရန်းမိုင်) သည် မိုးသစ်တောဖြင့် လွှမ်းခြုံထားပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/c5/c5168669977d1426f6660d27d1ce39ef37ff7f45.jpg
https://s9.kh1.co/__image/w=600,h=360,q=100/74/7404580d8c4d7b6f62b3455f08c951621be57796.jpg

အမေဇုန်မြစ်ဟာ နိုင်ငံ ၉ နိုင်ငံအား ဖြတ်သန်းထားပြီး သစ်တော အများစုမှာ ဘရာဇီးနိုင်ငံတွင်ဖြစ်ကာ ပီရူးနိုင်ငံ၊ ကိုလမ်ဘီယာနိုင်ငံ၊ ပင်နီဇွဲလား၊ အီကွေဒေါ့၊ ဘိုလီဘီယာ၊ ကင်ညာအစရှိသော နိုင်ငံများဖြစ်ကြပါတယ်။ အမေဇုန်သည် ကမ္ဘာ့မိုးသစ်တော၏ ကျန်ရှိနေသော ထက်ဝက် ရှိပြီး ကမ္ဘာပေါ်ရှိ အပူပိုင်း မိုးသစ်တောနှင့် ဇီဝမျိုးကွဲပေါင်း အများဆုံးတည်ရှိရာ သစ်တောတစ်ခုဖြစ်ကာ သစ်ပင်ပေါင်း ၃၉၀ ဘီလီလံ၊ မျိုးစိပ်ပေါင်း ၁၆၀၀၀ ခန့်ရှိပါတယ်။ ဒီလိုမျိုး သက်ရှိတွေ များစွာ ရှင်သန် ကျက်စားနေကြတဲ့ အထဲမှာမှ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ သက်ရှိတေါ လည်း အမေဇုန် သစ်တောထဲမှာ တည်ရှိနေပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/8c/8c8d79cc8eb2a85e61ebb62be887ec518e4a3547.jpg
https://s9.kh1.co/__image/w=600,h=401,q=100/79/7912222b6837c3423c5b080ed2313c42b3749c7e.jpg

များသောအားဖြင့် တွေ့ရှိရတဲ့ အကောင်အများစုကတော့ သူတိုရဲ့ ပင်ရင်းမျိုးစိတ်ကနေ ခွဲထွက်လာပြီး ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်တွေကြောင့် ကွဲပြား ခြားနားသွားရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့အကောင်တွေကတော့ ဘယ်မျိုးစိတ်နဲ့မှ မတူညီပဲ တစ်သက်နဲ့ တစ်ကိုယ် ရှိလို့ ရှိမှန်းတောင် မသိခဲ့ရတဲ့ အကောင်တွေလည်းရှိပါသေးတယ်။ အခုဖော်ပြထားတဲ့ အကောင်တွေဟာ အမေဇုန်မြစ်ဝှမ်းထဲက တချိုကသော အကောင်တွေကိုသာ ဖော်ပြပေးထား ခြင်း ဖြစ်ပြီး ယနေ့အချိန်အထိ သဘာဝထိန်းသိမ်းရေး ပတ်ဝန်းကျင်ပညာရှင်တွေ စာရင်းမပြုစုနိုင်သေးတဲ့ အကောင်များစွာ ရှင်သန် ကျက်စားနေကြသေးတယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=600,h=501,q=100/7e/7efaae61cdc93e3f96f0647be07fc30c56ae97a4.jpg
https://s9.kh1.co/__image/w=600,h=342,q=100/1f/1f385382d3e5fb384b93d59485c250eb3175b673.jpg
https://s9.kh1.co/__image/w=600,h=356,q=100/f0/f024d53fa59ab7d41f8d6cde5bc48277fa93e9b9.jpg
https://s9.kh1.co/__image/w=600,h=450,q=100/2b/2bb8f880cb00a702baed44f3a82ee5669fc6e810.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T