"ရိုနယ်လ်ဒို ပွဲတိုင်းဂိုးသွင်းတာကို ရီးရဲမက်ဒရစ် က အလိုရှိပါတယ် " ဆိုတဲ့ ဇီဒန်း

ရီးရဲမက်ဒရစ် အသင်းတိုက် စစ် မှုး ရိုနယ်လ်ဒို ကို ပွဲတိုင်း ဂိုးသွင်းဖို့ ရီးရဲအသင်းက ဆန္ဒရှိနေတယ် လို့ နည်းပြ ဇီဒန်းက ပြောဆိုသွားခဲ့ပါတယ် ။

ရိုနယ်လ်ဒို ဟာ ပြီးခဲ့တဲ့ လီဂီယာဝါဆော နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ ပါဝင် ကစားခဲ့ပြီး ၅-၁ ဖြင့်အနို်င် ရရှိခဲ့ပေ မယ့် ဂိုးတော့မသွင်းယူနိုင် ခဲ့ပါဘူး ။ ဒါပေမယ့် အသင်းဖော်တွေဖြစ် တဲ့ မိုရာတာ နဲ့ အဆန် ဆီရို တို့ရဲ့ ဂိုးတွေ ကို တော့ ဖန် တီးပေးသွားခဲ့ပါတယ် ။

“ကျွန်တော် တို့ တခါတရံမှာ ခရစ္စတီယာနို ဆီက နေ အများကြီးမျှော် လင့်တက်ကြတယ် ဆိုတာ အမှန် ပါပဲ ။ တပွဲတည်း ၃-၄ ဂိုးလောက် ပေါ့ ။ သူဂိုးတွေသွင်းတာကို ကျွန်တော် တို့မြင် ချင် သလို သူကလည်း ဂိုးတွေ သွင်းပြနိုင် ပါတယ် ။ ဒါပေမယ့် တခါတ လေ တော့ သူ ဂိုးမသွင်းနိုင် ပါဘူး ။ ဒါပေမယ့် အသင်းဖော်တွေအ တွက် ဂိုးတွေ ဖန် တီးပေးခဲ့ပါတယ် ။ အဓိက ကျွန်တော် ဂရုစိုက် တဲ့အရာက ရိုနယ်လ်ဒို သွင်းဂိုးတွေနဲ့ ပတ် သက် နေတာကိုပါ ။ သူဂိုးသွင်းတယ် ၊ ဒါမှမဟုတ် သူဂိုးဖန် တီးတယ် ၊ ဒါဆိုအဆင် ပြေပါတယ်”

“လူတွေက ရိုနယ်လ်ဒို ကို hat-trick တွေသွင်းဖို့ အမြဲ မျှော် လင့်ထားကြပါတယ် ။ ဒါပေမယ့် သူက အသင်း ဖော် တွေ အတွက် လည်း ဂိုးဖန် တီးပေးနိုင် သူပါ ။ ကျွန်တော် တို့ သူ့ဆီက အမြဲတမ်းလိုလို အများကြီး မျှော် လင့်ထားကြပါတယ် ။ ဘာလို့လည်းဆိုတော့ သူက ခရစ္စတီယာနို ရိုနယ်လ်ဒို ဖြစ် လို့ပါပဲ ။ ဒါကို သူသိပါ တယ်” လို့ နည်းပြကြီး ဇီဒန်းက ပြောဆိုသွားခဲ့ပါတယ် ။

ဒါ့အပြင် ဇီဒန်းက ဆက် လက် ပြီး “အရင် အပတ် က ရိုနယ်လ်ဒို ဂိုးသွင်းတယ် ၊ အခုည သူ ဂိုးဖန် တီးတယ် ၊ သူဂိုးမသွင်းနိုင် ခဲ့တာပြဿသနာမရှှိပါဘူး ။ နောက် လေးရက် လောက် နေရင် ( လာလီဂါမှာ ) သူ ဂိုးသွင်းမှာ ပါ” လို့လည်း သူ့ရဲ့ တိုက် စစ် မှုးအ ပေါ် ယုံကြည်ထားကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Source: Sports Myanmar

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။