Photo credit - OGA Dota Pit twitter

OGA Dota PIT ကတော့ မနေ့က နိုဝင်ဘာလ 29 ရက်နေ့က China region မှာ Season 4 ကိုကျင်းပပေးသွားမှာ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဒီပြိုင်ပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ 3 ရက်နေ့ကနေ 12 နေ့ထိ ကျင်းပပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ China region က direct invite ရရှိတဲ့ dota 2 အသင်း 8 သင်းဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမှာ ဖြစ်ပြီး ပေးအပ်သွားမယ့် total prize pool ကတော့ $150,000 USD ပဲ ဖြစ်ပါတယ်။

Direct invite ရရှိထားတဲ့ dota 2 teams တွေကတော့

Team Aster

EHOME

Invictus Gaming

PSG.LGD

Vici Gaming

Royal Never Give Up

Team MagMa

Elephant

တို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ Season 3 နဲ့ 2 မှာတော့ Vici Gaming နဲ့ CDEC Gaming တို့က champion ဖြစ်ထားပြီး ယခု season 4 မှာလည်း ဘယ်အသင်းက champion ဆုကို ရယူနိုင်မလဲဆိုတာက စိတ်ဝင်စားစရာပဲ။

လောလောလတ်လတ် မနေ့ကမှ China Dota2 Pro Cup Season 2 မှာ champion ဖြစ်ထားတဲ့ Elephant ကပဲ ဒီ tournament မှာပါဝင်လာတာဆိုတော့ တကယ်ကြည့်လို့ကောင်းမယ့် ပြိုင်ပွဲတစ်ပွဲပါပဲ...

Source - OGA Dota Pit twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။