တစ်ခါတစ်လေကျရင် ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်တဲ့ အခါ မုန့်ဝယ်ရင်ကောင်းမလား၊မဝယ်ရင်ကောင်းမလား လို့ဒွိဟဖြစ်တဲ့ အချိန်တွေရှိမှာပါ။ မြန်မာနိုင်ငံမှာဆိုရင် ရုပ်ရှင်ရုံမှာ ဝယ်ရတဲ့မုန့်တွေဟာ သာမန်ဆိုင်မှာဝယ်ရတဲ့မုန့်ထက် စျေးကြီးတာအမှန် ဆိုပေမယ့် တော်တော်များများတော့ ဝယ်စားနိုင်ကြပါတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေမှာဆိုရင်တော့ ရုပ်ရှင်ရုံက အလုပ်သမား စရိတ်တွေကို အဲ့ဒီ မုန့်ရောင်းလို့ ရတယ့် ပိုက်ဆံကနေပေးတာဖြစ်တဲ့ အတွက် သူတို့စီမှာစျေးကြီးရုံမှတပါးမတက်နိုင်ပါ။

ဒါပေမယ့် သောက်စရာ အချိုရည် တစ်ခုခုရယ်၊ ပေါက်ပေါက်ဆုပ်ရယ်၊ သကြားလုံတချို့ရယ်ကို ဒေါ်လာ ၂၀ ပေးပြီးစားရတဲ့ အတွက် ရုပ်ရှင်ကြည့်ချိန် ၂နာရီ လုံးလုံး အာသာပြေနိုင်မှာ မဟုတ်ပါ။ သူတို့ဆီမှာက ရုပ်ရှင်ရုံထဲကို တခြားမုန့်တွေယူလာလို့လဲမရပါတဲ့အတွက်ကြောင့် ဆယ်ကျော်သက်ကောင်မလေးသုံယောက်က ဒီလိုဖြေရှင်းခဲ့ပါတယ်။

ရုပ်ရှင်ရုံထဲကို ဝင်သွားတဲ့ ဗိုက်ကြီးနေတဲ့ ကောင်မလေး သုံးယောက်က မည်သူ့အတွက်မှ သံသယဖြစ်ဖွယ်ရှိမည် မထင်ပါ။ ရုပ်ရှင်အပြီးမှာတော့ သူတို့ထိုင်ခုံပေါ်မှာတွေ့ရတဲ့ ဖရဲသီးစိပ်တွေကြောင့် ရုပ်ရှင်ရုံက အလုပ်သမားတွေ လန့်သွားခဲ့ပါတယ်။

သူတို့ဟာတကယ်တော့ ကိုယ်ဝန်ဆောင်သည် အနေနဲ့ ဟန်ဆောင်ပြီး ဗိုက်ကို ဖရဲသီးတစ်ယောက် တစ်ခြမ်းစီ ကပ်ကာ ဗိုက်ဖုံး အကျႌတွေဝတ်ပြီး သယ်ဆောင်သွားတာဖြစ်ပါတယ်။ သူတို့က ရုပ်ရှင်ရုံထဲရောက် မှ ဗိုက်က ကပ်ထားတာကို ခွာပြီး ထုတ်စားခဲ့တာဖြစ်ပါတယ်။ သူတို့ အဲ့ဒီလိုမျိုး ယူသွားခဲ့တာကိုလဲ သူတို့ရဲ့ twitter အကောင့် တွေမှာ အကုန်တင်ခဲ့တဲ့ အတွက်ကြောင့်လဲ လူတွေအတွက် ရယ်စရာ ဖြစ်ခဲ့ပါတယ်။

သူတို့သုံယောက် ကတော့ Alyssa Lopez, Angie Silveria, နဲ့ Amador Costa ဖြစ်ပြီး ဖရဲသီးကို ပစ်ဖို့ ရုပ်ရှင်ရုံက အမှိုက်ပုံးထဲ မဆံ့ တဲ့မတွက်ကြောင့် ဒီလိုမျိုး ထိုင်ခုံပေါ်မှာထားခဲ့ရတာဖြစ်ပါတယ်။ တော်တော်လဲ ရယ်ရတဲ့ ကောင်မလေးတွေဖြစ်သလို သူတို့သူငယ်ချင်းသုံးယောက်အတွက်တော့ မမေ့နိုင် အမှတ်တရဖြစ်မှာပါ။ စာဖတ်ပရိသတ်ကြီးတို့လဲ အဲ့ဒီလိုမျိုး တစ်ခေါက်လောက်လုပ်ကြည့်ပါလား။ ပျော်ဖို့ကောင်းအောင်လို့။

translated by Anna

Source: distractify

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။