တစ်စထက်တစ်စ ထွန်းပေါက်အောင်မြင်လာတဲ့ Bulgaria နိုင်ငံသားလေး Nikobaby

//s9.kh1.co/8c/8cdf7230a849d0af28d3b7ab5ff7da2fbd6ca272.jpg
အားကစားသတင်းများ

 ၂၉-နို-၂၀၂၀ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

Nikobaby ကတော့ Bulgaria နိုင်ငံသားတစ်ဦးဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ Николай Николов ပဲဖြစ်ပါတယ်။

သူ့ဟာ Dota 2 pro ကစားသမားဘဝကို 2014 ခုနှစ်လောက်မှာ Gplay ဆိုတဲ့ Team မှာကစားရင်းစတင်ခဲ့တာဖြစ်ပြီး 2015 ခုနှစ် 2 လပိုင်းမှာ Gplay အသင်းကနေထွက်ပြီး Basically Unknown အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

နောက်ထပ်သူကစားခဲ့တဲ့ အသင်းတွေကတော့ Balkan Bears , No Logic Gaming , Monkey Freedom Fighters , Walrus Punch , Clutch Gamers , WarriorsGaming.Unity , Mineski နဲ့ ယခုလက်ရှိကစားနေတဲ့ Alliance တို့ပဲဖြစ်ပါတယ်။

photo credit - ESL
photo credit - ESL

သူ့ရဲ့ ကစားသမားဘ၀ Tatal Earnings ကတော့ $164,775 ဖြစ်ပြီး signature Hero သုံးကောင်ကတော့ Slark , Antimage နဲ့ Queen Of Pane တို့ပဲဖြစ်ပါတယ်။

သူရရှိထားတဲ့အောင်မြင်မှုတွေကတော့ Gplay အသင်းမှာကစားနေစဉ် Gigabyte Challenge#13 , MSI Dragon Battle #4 , MSI Dragon Battle@5 တို့မှာ 1st place ရရှိထားနိုင်ခဲ့ပါတယ်။

Clutch Gamers အသင်းမှာ ကစားခဲ့တုန်းကဆိုရင်လည်း Gamers Permier Nation Season 3 မှာ 1st place ရယူထားနိုင်ခဲ့ပါတယ်။

Clutch Gamers အသင်းမှာကစားခဲ့တုန်းကတော့

Nikobaby ဟာ လက်ရှိ Veteran ရဲ့ mid player "Insane" နဲ့ တစ်သင်းထဲ ဆော့ကစားခဲ့ဖူးတဲ့ player တစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo from google
Photo from google

အဲ့ဒီနောက် Nikobaby ဟာ Mineski ကိုရောက်ရှိခဲ့ပြီး ၄င်းအသင်းနဲ့အတူလည်း Ti 9 မှာ 9-12th place ထိရောက်ရှိခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ Nikobaby ဟာ Alliance မှာကစားနေပြီး Alliance နဲ့အတူ DreamLeague Season 12 ရဲ့ Champion ဆုကြီးကို ရယူထားသူတစ်ဦးပဲ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Nikobaby ဟာ Champion ဆုတွေနဲ့ ဝေးကွာနေပေမယ့်လည်း သူ့ပြတဲ့ performance တွေကြောင့်  နောက်ပိုင်းတက်လာတဲ့  carry players တွေထဲက အကောင်းဆုံး carry player လို့ဆိုရမှာပါပဲ။

လက်ရှိမှာတော့ Nikobaby ဟာ Alliance နဲ့အတူ Epic League ကိုဝင်ရောက်ယှဥ်ပြိုင်နေပြီး ဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲဆိုတာကိုတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရမှာပါပဲ။

ဘော်ဒါတို့အတွက် Nikobaby ရဲ့အကြောင်းကို သိသလောက်လေး ပြန်လည်မျှဝေပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/8c/8cdf7230a849d0af28d3b7ab5ff7da2fbd6ca272.jpg

သတင်း အရင်းအမြစ်Liquipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T