Photo credit, liquipedia

Just Error အသင်းရဲ့ လက်ရှိ sup player Zayac ရဲ့နာမည်အရင်းကတော့ Bakyt Emilzhanov ဖြစ်ပြီး သူဟာ Kyrgyzstan နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1998 ခုနှစ် 12 လပိုင်း 2 ရက်နေ့ဖြစ်တာကြောင့် Zayac ဟာ အခုဆိုရင် အသက် 21 နှစ်ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Zayac pro Secen ပေါ်ရောက်လာခဲ့တာကတော့ 2015 ခုနှစ်လောက်ကဖြစ်ပြီး NoLifer5 မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

2016 ခုနှစ် 6 လပိုင်း 1 ရက်နေ့မှာတော့ Zayac ဟာ Elements Pro Gaming ကိုပြောင်းရွှေ့ခဲ့ပြီး 8 လပိုင်းမှာပြန်လည်ထွက်ခွာခဲ့ပါတယ်။

2016 ခုနှစ် 9 လပိုင်းမှာတော့ Zayac ဟာ NoLifer5.Reborn ကိုပြောင်းရွှေ့ခဲ့ပြီး 2017 ခုနှစ် 1 လပိုင်း 2 ရက်နေ့မှာ MVP Revolution ကို ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာတော့ Zayac ဟာ 2017 ခုနှစ် 9 လပိုင်းအထိကစားခဲ့ပြီးနောက် Vega Squadron ကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

Vega Squadron မှာတော့ Zayac ဟာ 2018 ခုနှစ် 9 လပိုင်းအထိ ကစားပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2018 ခုနှစ် 10 လပိုင်းမှာတော့ Zayac ဟာ The Pango ကိုပြောင်းရွှေ့ခဲ့ပြီး 2019 ခုနှစ် 4 လပိုင်း8 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2019 ခုနှစ် 4 လပိုင်း 24 ရက်နေ့မှာတော့ Zayac ဟာ Natus Vincere ကိုပြောင်းရွှေ့ခဲ့ပြီး 2020 ခုနှစ် 2 လပိုင်း 2 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာ 2 လပိုင်း 3 ရက်နေ့မှာတော့

Zayac ဟာ Virtus.pro အသင်းကိုပြောင်းရွှေ့ခဲ့ပြီး 2020 ခုနှစ် 11 လပိုင်း 11 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Zayac ဟာ Sumail, Ramzes တို့နဲ့အတူ အသစ်ဖွဲ့စည်းတဲ့ Just Error ရဲ့ roster မှာပါဝင်လာခဲ့ပြီး လက်ရှိမှာ Just Error နဲ့အတူ Epic League ကိုဝင်ရောက်ယှဥ်ပြိုင်လက် ရှိပါတယ်။

Zayac ရဲ့ sugnature heros တွေကတော့ Earth Spirit, Treant Protector နဲ့ Nyx Assian တို့ဖြစ်ပြီး ကစားသမားဘဝ toatl earnings ကတော့ $194,435 USD ရှိနေပြီပဲ ဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။