Mobile Legends ဆိုတ‌ဲ့ ဂိမ်းကို ပရိသတ်ကြီးအပေါင်းလဲ သိရှိကြမှာဖြစ်ပါတယ်။ ဂိမ်းဟာဆိုရင် ယနေ့ချိန်မှာတော့ တော်တော်လေးကို အောင်မြင်လာနေပြီဖြစ်ပါတယ်။ ပြိုင်ပွဲပေါင်းများစွာလဲကျင်းပလျက်ရှိကာ ယခုဆိုရင်လဲ One Esports ရဲ့ MPL Invitagional ပြိုင်ပွဲဟာလဲ စတင်နေပြီဖြစ်ပါတယ်။ ပြိုင်ပွဲမှာဆိုရင် မြန်မာကိုယ်စားပြုအသင်းနှစ်သင်းြဖစ်တဲ့့ Burmese Ghouls ရဲ့ Ronin Esports တို့လဲပါ၀င်ပါတယ်။

Photo Credit: Google

ယနေ့မှာ ပထမဦးဆုံး ယှဉ်ပြိုင်ကစားသွားရတဲ့ မြန်မာအသင်းကတော့ Ronin Esports ပဲဖြစ်ပါတယ်။ Ronin အသင်းအနေနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ပြိုင်ဘက်အသင်းက‌တော့ ဖီလစ်ပိုင် ကိုယ်စားပြုဖြစ်တဲ့ Execration ပဲဖြစ်ကာ အကြိတ်အနှယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ပွဲတစ်ပွဲပါပဲ။ Best Of Three ယှဉ်ပြိုင်ကစားရပြီး ရှုံးတဲ့အသင်းက တန်းထွက်ရမှာဖြစ်ပါတယ်။ ပထမဆုံးပွဲမှာဆိုရင် ဖီလစ်ပိုင် အသင်းဘက်က အနိုင်ရရှိခဲတာမို့ မြန်မာအသင်းပရိသတ်တွေလဲ စိတ်ပူနေခဲ့ကြမိပါတယ်။

Photo Credit: Google

သို့သော်လဲ မြန်မာဆိုသည်မှာ လွယ်လွယ်နဲ့ ဇွဲမလျော့တဲ့စိတ်ဓာတ်အပြင် Ronin အသင်းဆိုသည်မှာလဲMobile Legendsရဲ့ မြန်မာထိပ်တန်း အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ဒုတိယပွဲမှာ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကာ Roninတစ်သင်းသားလုံးရဲ့ကြိုးစားမှုအပြင် Silent ရဲ့ Saber ကလဲ လက်စွမ်းပြခဲ့တာမို့ ဒိတိယဂိမ်းမှာ အနိုင်ရရှိခဲ့ပါတယ်။ တတိယဂိမ်းရောက်တဲ့အခါမှာလဲ အသင်းသားတွေရဲ့ကြိုးစားမှု Naomi ရဲ့ Akai , Justinရဲ့ Vale တို့ရဲ့ လက်စွမ်းတွေကိုလဲမြင်‌ေ‌တွ့ခဲ့ကြရမှာပါ။ Hayabusa ကိုလဲမေ့မရပါဘူး။ တစ်သင်းလုံးရဲ့ကြိုးစားမှုကြောင် တတိယဂိမ်းမှာလဲအနိုင်ရရှိကာ နောက်တစ်ဆင့်ကို ဆက်လက်တက်လှမ်းသွားပြီးပဲဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ခုလိုနောက်ထပ်တစ်ဆင့် တက်ရောက်သွားတာ ဂုဏ်ယူစရာပါပဲ။

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။