Photo credit - Team Secret Twitter

နှစ်စဥ်နှစ်တိုင်းပေးအပ်နေတဲ့ Esports Awards ဆုတွေထဲက တစ်ခုဖြစ်တဲ့ Esports Coach of The Year 2020 ဆုကိုရရှိတဲ့ winner ကတော့ထွက်ပေါ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

သူကတော့ အခြားသူမဟုတ်ပဲ တောင်ကိုရီးယားနိုင်ငံသားလေး Heen ပဲ ဖြစ်ပါတယ်။

Heen ဟာ 2019 နှစ်ကုန်ပိုင်းလောက်မှာ TNC Predator dota 2 team ရဲ့ coach အဖြစ်ကနေထွက်ခွာပြီးနောက်မှာ Team Secret ကို coach အဖြစ်ရောက်ရှိလာခဲ့ပါတယ်။

Team Secret ကိုရောက်ရှိလာချိန်မှာတော့ Heen ဟာ သူ့ရဲ့အကောင်းဆုံးပုံစံတစ်ခုကို ချပြနိုင်ခဲ့ပြီး Team Secret နဲ့အတူ Tournaments 7 ခုဆက်တိုက်မှာ Champion ဆုကိုရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Heen ဟာ 2017 ခုနှစ်တုန်းကလည်း Team Liquid ကို The International 2017 မှာ Champion ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ coach တစ်ယောက်လည်း ဖြစ်ပါတယ်။

ယခုနှစ်အတွင်းမှာဆိုရင်လည်း Heen ရဲ့ဦးဆောင်မှုတွေနဲ့ Team Secret ဟာ ကမ္ဘာ့အကောကာင်းဆုံး dota 2 team ဆိုတဲ့နေရာကိုရှိထားပြီး performance တွေလည်း တော်တော်လေးကောင်းနေတာဆိုတော့ နည်းပြကြီး Heen အနေနဲ့ Esports Coach of The Year 2020 ဆုကိုရရှိတာဟာ ထိုက်တန်တယ်လို့ ဆိုရမှာပါပဲ။

Source - Team Secret twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။