Photo credit - liquipedia

လက်ရှိ Royal Never Give Up အသင်းရဲ့ mid player Setsu ရဲ့နာမည်အရင်းကတော့ Gao Zhenxiong ဖြစ်ပြီး သူဟာ တရုတ်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1999 ခုနှစ် 2 လပိုင်း 14 ရက်နေ့ဖြစ်တာကြောင့် Setsu ဟာ အခုဆိုရင် အသက် 21 ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Setsu Dota 2 pro ကစားသမားဖြစ်လာတာကတော့ 2016 ခုနှစ်လောက်ထဲကဖြစ်ပြီး ပထမဆုံး စတင်ကစားခဲ့တဲ့ team ကတော့ boomloomdoom ပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Setsu ဟာ FTD club B ကိုရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာ တလဝန်းကျင်လောက်သာ ကစားခဲ့ပါတယ်။

2016 ခုနှစ် 9 လပိုင်း 17 ရက်နေ့မှာတော့ Setsu ဟာ CDEC Gaming ကိုပြောင်းရွှေ့လာခဲ့ပြီး 2017 ခုနှစ် 9 လပိုင်းမှာ Eclipse ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

2017 ခုနှစ် 11 လပိုင်းအရောက်မှာတော့ Setsu ဟာ CDEC Gaming ကိုပြန်လည်ရောက်ရှိလာခဲ့ပြီး 2018 ခုနှစ် 9 လပိုင်း 13 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Setsu ဟာ Royal Never Give Up အသင်းကိုရောက်ရှိလာခဲ့ပြီး ယနေ့ထက်ထိ ၎င်းအသင်းမှာကစားနေဆဲပဲဖြစ်ပါတယ်။

Setsu ရဲ့ signature heros တွေကတော့ OD,Invoker နဲ့ Puck တို့ဖြစ်ပီး ကစားသမားဘဝ total earning ကတော့ $ 237,851 USD ရှိနေပြီပဲ ဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။